အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ကန့်ဘလူတွင် စစ်တပ်နှင့်ပျူ စစ်ဆေးရေးဂိတ်ကို PDF ဝင်တိုက်

စစ်ကိုင်းတိုင်း၊ ကန့်ဘလူနှင့် တန့်ဆည်မြို့နယ်အစပ် ကာဘိုးကျေးရွာထိပ်ရှိ စစ်ကောင်စီဂိတ်စခန်းကို ပြောက်ကျားတိုက်ခိုက်ရာ ၄ ဦး သေဆုံးပြီး ၆ ဦးထက်မနည်း ဒဏ်ရာရသွားကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) က ပြောသည်။

စက်တင်ဘာ ၃၊ နံနက် ၁၁ နာရီခွဲအချိန်တွင် စစ်သားများ၊ ပြည်သူ့စစ် ခေါ် ပျူစောထီးများ ရှိသည့် ထိုစစ်ဆေးရေးဂိတ်စခန်းကို ရုတ်တရက် ဝင်ရောက်တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

“၄၀ မမ လက်နက်ကြီးကလည်း အနီးကပ်လောက် စစ်သားတွေကို ကပ်ထုတာ၊ မောင်းပြန်တွေကလည်း အနီးကပ်ပဲဆိုတော့ (သေတာကို) မြင်နေရတာ” ဟု တန့်ဆည် PDF ပြန်ကြားရေးတာဝန်ခံက ဆိုသည်။

PDF ဘက်မှ နှစ်ဦး ဒဏ်ရာရရှိခဲ့ပြီး အသက်အန္တရာယ် မစိုးရိမ်ရဟု ဆိုသည်။ 

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

စစ်ကောင်စီတပ်ဘက်မှ ထိခိုက်သေဆုံးမှုနှင့် ပတ်သက်၍ Myanmar Now အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။

“ရှေ့က (ရွှေဘိုခရိုင် PDF) တပ်ရင်း ၇ က မောင်းပြန်တွေနဲ့ မီတာ ၁၅၀ လောက်အထိ အနီးကပ် တက်ပစ်တာ။ ကျွန်တော်တို့ ဒေသခံအဖွဲ့တွေကတော့ နောက်ကနေ လက်နက်ကြီးတွေနဲ့ ပစ်ကူပေးရတာပေါ့။ သူတို့ ပြန်ဆုတ်လို့ရအောင် ကာဗာပေးရတာ” ဟု တိုက်ပွဲတွင် ပါဝင်ခဲ့သည့် ဒေသခံကာကွယ်ရေးအဖွဲ့တစ်ခုမှ အဖွဲ့ဝင်တစ်ဦးက ပြောသည်။

ကာဘိုးရွာအနောက်ဘက် မူးမြစ်ထိပ်ရှိ အဆိုပါစစ်ဆေးရေးဂိတ်တွင် တပ်စွဲသည့် စစ်ကောင်စီ လက်နက်ကိုင်တို့က ပြည်သူများကို နေ့စဉ် အနိုင်ကျင့်နေကြောင်း တန့်ဆည် PDF ပြန်ကြားရေးအဖွဲ့ဝင်က ပြောသည်။

စစ်သင်တန်း လေ့ကျင့်နေသော PDF တပ်ဖွဲ့ဝင်တချို့က ယမန်နှစ် ဒီဇင်ဘာအတွင်းက တွေ့ရစဉ်။ (ဓာတ်ပုံ-PDF Shwebo) 

“ဒေသခံ ခရီးသွားတွေဆို (ပိုက်ဆံ) အရမ်းတောင်းတယ်။ လူငယ်တွေဆို ဖမ်းတာတွေလည်း လုပ်တယ်” ဟု ဆိုသည်။

မူးမြစ်အရှေ့ဘက် ကန့်ဘလူမြို့နယ်တောင်ဘက်အစွန်ဆုံးတွင်ရှိသည့် ကာဘိုးကျေးရွာသည် အိမ်ခြေ ၉၀၀ ကျော် ရှိပြီး အာဏာသိမ်းပြီးတည်းက စစ်သားအင်အား ၆၀ ခန့်နှင့် ပျူစောထီးအင်အား အများအပြားဖြင့် တပ်စွဲထားပြီး တိုက်နယ်အဆင့်ရှိသည့် စံပြရွာဖြစ်သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button