
စစ်တပ်က လေကြောင်းမှ ပစ်ခတ်တိုက်ခိုက်ပြီးနောက် ၃ ရက်ကြာ တပ်စွဲခဲ့သည့် စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ ရင်ပေါင်တိုင်ရွာတွင် အသက် ၁၀ နှစ်အရွယ် ကလေးအပါအဝင် အရပ်သားပြည်သူ ရုပ်အလောင်း ၁၈ ခု ကို တွေ့ရှိခဲ့ကြောင်း ဒေသခံများကဆိုသည်။
“အားလုံးပေါင်း ရွာခံ ၁၂ ယောက်ဗျ။ တစ်ရွာလုံးက သုသာန်တစပြင်လိုပဲ။ ပုပ်စော်တွေလည်း နံနေတာ“ ဟု အလောင်းများ ကောက်ယူရာမှာ ပါဝင်ခဲ့သည့် အသက် ၄၀ အရွယ် အမျိုးသားတစ်ဦးက မြင်တွေ့ရပုံကို ပြောသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာ တွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)
[youtube https://youtu.be/H013UcTV6us]



