အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ဒေါ်စုနှင့်အစိုးရကို အကြည်ညိုပျက်အောင်လုပ်သူများ တရားစွဲခံရမည်

ဒေါ်အောင်ဆန်းစုကြည်နှင့် အစိုးရကို အကြည်ညိုပျက်အောင် မကွေးတိုင်းဒေသကြီး ဒေသခံများက လူမှုကွန်ရက် ဖေ့စ်ဘွတ် (Facebook) နှင့် အခြားအင်တာနက်စာမျက်နှာတို့တွင် ရေးသားမည်ဆိုပါက တရားစွဲရန် မကွေးတိုင်း ဒေသကြီး ဒီမိုကရေစီအဖွဲ့ချုပ်က ပြင်ဆင်နေသည်။

ဗဟိုနှင့် တိုင်းဒေသကြီးအစိုးရ၊ ပါတီခေါင်းဆောင်တို့ကို အပုပ်ချ ရေးသားသူများ မကွေးတိုင်းဒေသကြီးအတွင်း တွေ့ပါက ဥပဒေပညာရှင်များနှင့် တိုင်ပင်ပြီး တရားစွဲရန် မြို့နယ်အလုပ်အမှုဆောင်များအား တိုင်းဒေသကြီး ဒီချုပ်ဥက္ကဋ္ဌ ဦးသိန်းဇော်က ဩဂုတ် ၁၃ ရက်တွင် စာထုတ်အကြောင်းကြားခဲ့ခြင်းဖြစ်သည်။

ပါတီနှင့်အစိုးရခေါင်းဆောင်များကို အကြည်ညိုပျက်အောင် ရေးသားသူများအား တရားစွဲမည့် အဆိုပါအစီအစဉ်သည် မကွေးတိုင်းဒီချုပ်၏  ဆုံးဖြတ်ချက်ဖြစ်ပြီး ပါတီဌာနချုပ် (သို့မဟုတ်) အစိုးရဘက်က ညွှန်ကြားချက်မဟုတ်ကြောင်း မကွေးတိုင်းဒေသကြီးဒီချုပ် ဥက္ကဋ္ဌက ပြောသည်။

“ကျွန်တော်တို့က ဥပဒေနဲ့အညီပါပဲ။ အဲ့ဒီညွှန်ကြားချက်လေး သေချာဖတ်ကြည့်ရင် ကျွန်တော်တို့ရဲ့ စေတနာနားလည်မှာပါ” ဟု ဦးသိန်းဇော်က ပြောသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

တရားစွဲရာတွင် မြို့နယ်အလုပ်အမှုဆောင်၏ ဆုံးဖြတ်ချက်ဖြင့် တိုင်းအလုပ်အမှုဆောင်အဖွဲ့၏ တာဝန်ပေးချက်အရ အလုပ်အမှုဆောင်တစ်ဦးမှ တရားစွဲရမည်ဟုလည်း မကွေးတိုင်းဒီချုပ် ဥက္ကဋ္ဌလက်မှတ်ဖြင့် ထုတ်ပြန်သည့် အဆိုပါ အကြောင်းကြားစာတွင် ရေးသားထားသည်။

မကွေးတိုင်းဒီချုပ် ဥက္ကဋ္ဌ၏ မြို့နယ်ပါတီများသို့ အကြောင်းကြားစာ

နိုင်ငံတော်အတိုင်ပင်ခံအဖြစ် ဒေါ်အောင်ဆန်းစုကြည် တာဝန်ယူပြီးနောက်ပိုင်းတွင် ၎င်းအား ဝေဖန်သည့်အတွက် ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ)ဖြင့် အနည်းဆုံး ၁ဝ မှု တရားစွဲဆိုခဲ့ဖူးကြောင်း အသံ (လွတ်လပ်စွာ ထုတ်ဖော်ပြောဆို ခွင့်လှုပ်ရှားမှုအဖွဲ့) က စာရင်းများ ပြုစုထားသည်။

အဆိုပါအမှုများတွင် တရားလိုသည် ဒေါ်အောင်ဆန်းစုကြည်မဟုတ်ဘဲ အခြားသူတစ်ဦးက တိုင်ကြားခြင်း ဖြစ်သည်။

“နိုင်ငံ့ခေါင်းဆောင်တွေဆိုတာ ပြည်သူ့ဝေဖန်မှုကို ခံနိုင်ရမယ်။ ပြည်သူက ရွေးချယ်ထားတဲ့ အစိုးရက ဘယ်အခြေအနေမျိုးမှာပဲဖြစ်ဖြစ် ခံကိုခံရမှာ ဖြစ်တယ်။ အဲ့လိုမခံနိုင်ဘဲနဲ့ ကြားထဲကနေ ဆတ်ဆတ်ထိမခံ တရားစွဲဆိုခြင်းဟာ အဲ့ဒီအစိုးရကို အကာအကွယ်ပေးခြင်း မဟုတ်ဘဲနဲ့ အဲ့ဒီအစိုးရကို ပိုပြီးတော့ အခြေအနေဆိုးရွားအောင် ဖန်တီးပေးလိုက်ခြင်းပဲ ဖြစ်တယ်” ဟု အသံ (လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်လှုပ်ရှားမှုအဖွဲ့) ၏ အမှုဆောင်ဒါရိုက်တာ မောင်ဆောင်းခ က Myanmar Now ကို ပြောသည်။

ပါတီ၏ အဆိုပါထုတ်ပြန်ချက်ကို မကွေးတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်အချို့ကိုယ်တိုင် မသိရှိရသေးကြောင်း မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် (၁) လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဌေးက ပြောသည်။

“ကျွန်တော်လည်း အဲ့ဒီကိစ္စကို မေးမှာပါဗျ။  ဥက္ကဋ္ဌက လက်မှတ်ထိုးပြီး ထုတ်ထားတာတော့ တွေ့တယ်။ တကယ်လို့ ထုတ်တယ်ဆိုလည်း ထုတ်တယ်ပေါ့။ သူက ပါတီရဲ့ဥက္ကဋ္ဌကိုး” ဟု သူက ဆိုသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles