အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

နေပြည်တော် လေဆိပ်တွင် စစ်ကောင်စီတပ်သား အချင်းချင်းပစ်၊ ၂ ဦးသေဆုံး

လုံခြုံရေးအလွန်တင်းကျပ်ထားသည့် နေပြည်တော်လေဆိပ် လေယာဉ်ကွင်းပတ်လည်တွင် တာဝန်ကျသော စစ်ကောင်စီတပ်သားအချင်းချင်း ဩဂုတ် ၁၀ နံနက်ပိုင်းက ပစ်ခတ်ရာမှ ၂ ဦး သေဆုံးသွားသည်ဟု Myanmar Now က စုံစမ်းသိရသည်။

ကွင်းလုံခြုံရေးယူထားသည့် တပ်သားများ အရက်သောက် အမူးလွန်ရာမှ တပ်သားတစ်ဦးက ပစ်ခတ်ရာ ၁ တစ်ဦး သေဆုံး၊ ၁ ဦး ဒဏ်ရာရခဲ့သည်။ ထို့အပြင် ပစ်ခတ်သူ စစ်သားကိုယ်တိုင်လည်း ကိုယ့်ကိုယ်ကိုယ် သေနတ်ဖြင့် အဆုံးစီရင်ခဲ့သည်ဟု နေပြည်တော်လေယာဉ်ကွင်းနှင့် နီးစပ်သည့် သတင်းရင်းမြစ်တစ်ခုက ပြောသည်။

“အရက်သောက် စကားများပြီး သေနတ်နဲ့ ပစ်လိုက်တာ၊ ရဲဘော်တစ်ယောက်ထိသွားတော့ အဲဒါကို မကျေနပ်လို့ အထက်လူကြီးကို သွားတိုင်တဲ့သူတစ်ယောက်ကိုလည်း ပစ်လိုက်တာ၊ မူးနေတော့ ပါးကို မှန်သွားတယ်။ ပြီးတော့ ပစ်သတ်တဲ့ ရဲဘော်ကလည်း သူ့ဘာသာသူ အဆုံးစီရင်သွားတယ်” ဟု အထက်ပါ သတင်းရင်းမြစ်က ပြောသည်။

ပစ်ခတ်မှုနှင့် ပတ်သက်ပြီး Myanmar Now က သီးခြား အတည်ပြုနိုင်ရန် ကြိုးပမ်းနေသည်။ စစ်ကောင်စီက တပ်တွင်းပဋိပက္ခကို သတင်းထုတ်ပြန်လေ့မရှိပေ။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

နေပြည်တော်မှ ဒေသခံတစ်ဦးကမူ  သြဂုတ် ၁၀ရက် နံနက်ပိုင်းက ရဲကားနှင့် စစ်ကားများ ငါစီးထက်မနည်း အခင်းဖြစ်ပွားရာနေရာသို့ လာရောက်သည်ကို တွေ့မြင်ခဲ့ကြောင်း ပြောသည်။

ဒေသအခေါ် အေလာလေယာဉ်ကွင်း ပတ်ပတ်လည် ခြံစည်းရိုးအပြင်စည်းတွင် အမြောက်တပ်၊ လေကြောင်းရန်ကာကွယ်ရေးတပ်များ ရှိနေပြီး လေယာဉ်ကွင်းအတွင်းစည်းတွင် ရဲတပ်ဖွဲ့၊ လေတပ်၊ လေဆိပ်လုံခြုံရေးဝန်ထမ်းများက စောင့်ကြပ်ကြသည်။

နေပြည်တော်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ရဲကား စစ်ကားများဖြင့် လှည့်လည်နေတတ်ပြီး ပြည်ပဧည့်သည်များနှင့် စစ်တပ်ခေါင်းဆောင်များ အများဆုံးသွားလာသည့်နေရာမျိုးတွင် လက်နက်ကိုင်လုံခြုံရေးတပ်သားအပြင် CCTV များ တပ်ဆင် စောင့်ကြည့်လေ့ရှိသည်။ ထိုသို့ လုံခြုံရေးတင်းကျပ်သည့် နေပြည်တော်တွင် စစ်ကောင်စီကို ဆန့်ကျင်လှုပ်ရှားမှုများမှာ နည်းပါးလှသည်။

အာဏာသိမ်းပြီးနောက် စစ်ကောင်စီကို ဆန့်ကျင်သည့် ဒေသကာကွယ်ရေး တပ်ဖွဲ့များ ရာနှင့်ချီပေါ်ပေါက်လာကာ ရန်ကုန်၊ မန္တလေး မြို့ကြီးများတွင်သာမက စစ်ကိုင်း၊ မကွေး၊ ကယား၊ ကရင်တို့တွင် စစ်ကောင်စီတပ်သားများကို တိုက်ခိုက်လျက်ရှိသည်။ ထိုကဲ့သို့ စစ်မျက်နှာပြင် ကျယ်ပြန့်လာပြီး စစ်ပမ်းနေသည့် အခြေအနေတွင် တပ်တွင်းစည်းလုံးရေး အထူးအရေးကြီးကြောင်း ယခုနှစ် မတ် ၂၇ တွင် အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က သူ့တပ်သားများကို သတိပေးထားသည်။

ဤအတောအတွင်း တပ်အရာရှိများနှင့် တပ်သားများ ထမင်းတစ်ဝိုင်းတည်း စားနေကြသည့် ပုံများကိုလည်း စစ်ကောင်စီက ယင်းထိန်းချုပ်ထားသည့် မီဒီယာမျာတွင် ထုတ်လွှင့်သည့်နည်းဖြင့် တပ်တွင်းစည်းလုံးမှု ရှိကြောင်း ဝါဒဖြန့်နေသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာ တွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles