အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

မန္တလေးတွင် ဆောက်လက်စဂိုဒေါင်ပြိုကျ၊ ၉ ဦးဒဏ်ရာရ

မန္တလေးမြို့ ၄၆ လမ်း ကနောင်မင်းသားကြီးလမ်း စက်မှုဇုန် (၂) မှ ဆောက်လက်စ ဆီဂိုဒေါင်တစ်လုံး ယနေ့ မွန်းတည့် ၁၂ နာရီခန့်က ပြိုကျခဲ့ရာ လူကိုးဦး ဒဏ်ရာရသွားသည်။

ပေ၂၅ ×၄၀ ခန့်ရှိသော ထိုဂိုဒေါင်သည် Hotel Yadanarbon (ဟိုတယ် ရတနာပုံ) ပိုင်ရှင် ဦးထွန်းထွန်းဝင်းက ဆီဂိုဒေါင်အဖြစ် ဇူလိုင်လမှစ၍ ဆောက်လုပ်နေခြင်းဖြစ်ပြီး ပြိုကျသည့်နေ့တွင် ဆောက်လုပ်ရေးဝန်ထမ်း ၂၅ ဦးခန့် ရှိသည်ဟု လုပ်ငန်းခွင်တွင်ရှိနေသူများက ပြောသည်။

“ကျောက်သွေး စလောင်းတဲ့အချိန် အပေါ်ဆင့်ပြီးအသွား အလယ်ဆင့်စလောင်းတဲ့အချိန်မှာ ပြိုကျတာပါ။ ကျားရှစ်ဦး မတစ်ဦး ဒဏ်ရာရရှိပါတယ်။ အလုပ်သမားတွေ အဆောက်အအုံကြား ညပ်ကုန်ပြီး အချို့ ပြင်းထန်စွာ ဒဏ်ရာရ ပါတယ်”ဟု ထိုဆောက်လုပ်ရေးမှ ပန်းရန်အလုပ်သမ မကေသီက ပြောသည်။

“ဒဏ်ရာရ အလုပ်သမားတွေကို မန္တလေးဆေးရုံကြီးမှာ အရေးပေါ်ကုသပေးနေပါတယ်။ သူဌေးလည်း ဆေးရုံလိုက်သွားပါတယ်။ ရဲစခန်းက အမှုဖွင့်မလားတော့ မသိသေးပါဘူး” ဟု Hotel Yadanarbon မန်နေဂျာ ကိုမောင်လွင်က ပြောသည်။

အုန်းချောရဲစခန်း ရဲအုပ်ဇော်မြင့်က အမှုဖွင့်ရန်အတွက် ဖြစ်စဉ်ကို စုံစမ်းနေဆဲဟု Myanmar Now ကိုပြောသည်။

ထိုအဆောက်အအုံပြိုကျရာသို့ မီးသတ်ကယ်ဆယ်ရေးယာဉ် ခြောက်စီးခန့်နှင့် လူမှုရေးအသင်းကား ၁၅ စီးခန့် လာရောက် ကယ်ဆယ်ခဲ့သည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button