အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

အထည်ချုပ်စက်ရုံသပိတ်စခန်းရိုက်ပွဲ လက်နက်ကိုင်ရဲဖြင့် စောင့်ကြည့်နေ

ယနေ့နံနက်အစောပိုင်းက ရန်ကုန်မြို့ ဒဂုံဆိပ်ကမ်းမြို့နယ်ရှိ ဖုယွင်အထည်ချုပ်စက်ရုံ သပိတ်စခန်းတွင် ရိုက်ပွဲများ ဖြစ်ပွားခဲ့ပြီးနောက် လက်နက်ကိုင်ရဲများက အခင်းဖြစ်ပွားရာ စက်ရုံအနီးတဝိုက်ကို ပိတ်ဆို့ထားလိုက်သည်။

ယမန်နေ့ညပိုင်းကတည်းက ကြိုတင်သတင်းထွက်နေသည့်အတိုင်း နှစ်လနီးပါးကြာ ဆန္ဒပြနေကြသည့် စက်ရုံအလုပ်သမားများရှိရာ စက်ရုံအနောက်ဘက်ရှိ သပိတ်စခန်းကို မည်သူမည်ဝါမှန်း မသိရသေးသည့် အရပ်ဝတ်များက ဝင်ရောက်ရိုက်နှက်ခဲ့ကြသည်။

အလုပ်သမားများ၏အဆိုအရ အဆိုပါအကြမ်းဖက်မှုအတွင်း အနည်းဆုံး အလုပ်သမား ၂၅ ဦး ဒဏ်ရာရခဲ့ပြီး ၎င်းတို့ထဲမှ ၃ဦးသည် သင်္ဃန်းကျွန်းမြို့နယ်၊ စံပြဆေးရုံတွင် အတွင်းလူနာ အဖြစ် ကုသမှုခံနေရသည်ဟု ဆိုသည်။

အဆိုပါဖြစ်ရပ်ဖြစ်ပွားပြီး မိနစ်ပိုင်းအကြာတွင် စက်ရုံအနီးတဝိုက်မှ ဒေသခံများနှင့် အလုပ်သမားသပိတ်ကို ထောက်ခံသူများက စက်ရုံကို ခဲဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

နှစ်ဖက်အကြား ပဋိပက္ခဖြစ်ခဲ့ကြပြီးနောက် လက်နက်ကိုင်ရဲများက အခင်းဖြစ်ပွားနေခဲ့သည့် နေရာကို ပိတ်ဆို့ထားလိုက်သည်။

အဆိုပါစက်ရုံတွင် ဆန္ဒပြအလုပ်သမားများက သပိတ်စခန်း ၃ ခု ဖွင့်ထားပြီး နံနက်ပိုင်းက ပဋိပက္ခဖြစ်ပွားခဲ့သည့် စက်ရုံအနောက်ဘက်သပိတ်စခန်းကို လက်နက်ကိုင်ရဲများက ဝင်ထွက်ခွင့်ပိတ်ပင်ထားသော်လည်း ကျန်သပိတ်စခန်းနှစ်ခုတွင် အလုပ်သမားများက ဆက်လက် ဆန္ဒပြနေကြသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button