အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ရွေးကောက်ပွဲသတင်း

မဲလာပေးမည့် သမ္မတထံ တိုင်စာပို့သူ များလွန်းသဖြင့် မဲရုံအနီး တိုင်ကြားစာလက်ခံရေးဌာန ဖွင့်လိုက်ရ

သမ္မတ ဦးဝင်းမြင့်ထံ တိုင်ကြားစာပေးရန် စောင့်ဆိုင်းနေသူအများအပြား ရှိသောကြောင့် ရန်ကုန် တာမွေမဲရုံ အမှတ်၃အနီးရှိ ဓမ္မာရုံအတွင်း ယာယီတိုင်ကြားစာလက်ခံဌာနတစ်ခု ဖွင့်လှစ်ပေးလိုက်ရသည်။

ရွေးကောက်ပွဲနေ့ နံနက်ပိုင်းတွင် တိုင်ကြားစာ ၂၀၀ ကျော် လက်ခံရရှိခဲ့သည်ဟု တိုင်ကြားစာလက်ခံရေး တာဝန်ခံက ပြောသည်။

“သမ္မတနဲ့အတူပါတဲ့ ညွှန်ကြားရေးမှူးဆီ တစ်ခါတည်းလွှဲပေးဖို့ ညွှန်ကြားချက်ရထားတယ်”ဟု ယင်းတာဝန်ခံက ပြောသည်။

တိုင်ကြားစာများထဲတွင် အစိုးရက ပြီးခဲ့သည့်လပိုင်းက ပိတ်ပင်လိုက်သည့် ဆင့်ပွားနည်းဖြင့် ဈေးရောင်းချသည့် MLM ကိစ္စ တိုင်ကြားသည့်ကိစ္စမှာ အများဆုံးဖြစ်ပြီး၊ မြေသိမ်း၊ အိမ်သိမ်း ကိစ္စများလည်း ပါဝင်ကြောင်း သိရသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles