ရုပ်သံ

ရှမ်းပြည်ရှိ စစ်တပ်နှင့် PNO ပူးပေါင်းစခန်း ကျပြီး ၁၅ ဦးသေ၊ ၅ ဦး အရှင်ဖမ်းမိ

ရှမ်းပြည်နယ်တောင်ပိုင်း ညောင်ရွှေမြို့နယ်၊ ထီရိကျေးရွာအတွင်း အင်အား ၂၀ ရှိသည့် စစ်တပ်နှင့် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) ပူးပေါင်းစခန်းကို PDF နှင့် KNDF တို့က ယမန်နေ့ (မေ ၁၂) နံနက်တွင် ဝင်တိုက်ရာ စစ်ကောင်စီဘက်က ၁၅ ဦး သေဆုံးကာ ၅ ဦး အရှင်ဖမ်းမိခဲ့သည်ဟု ပါဝင်တိုက်ခိုက်ခဲ့သူတစ်ဦးက ပြောသည်။

သေဆုံးသူများထဲတွင် ဗိုလ်မှူးတစ်ဦး ပါဝင်ကြောင်း၊ စစ်သုံ့ပန်းများဖြစ်သော စစ်ကောင်စီတပ်သား ၂ ဦးနှင့် PNO တပ်သား ၃ ဦးကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်ရှိ ရှမ်းကယားစစ်ရေးကော်မရှင်ထံ ချက်ချင်းအပ်နှံကာ ဒဏ်ရာများကို ဆေးကုသပေးထားကြောင်း သိရပါသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

[youtube https://youtu.be/PI6eh7z-zjA]

Show More

Related Articles

Back to top button