အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

စစ်ကောင်စီလေတပ်က ကယားပြည်နယ်၊ နန်းမယ်ခုံကို ဗုံးထပ်ကြဲ

စစ်ကောင်စီလေတပ်က ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ နန်းမယ်ခုံမြို့ကို ယနေ့ (ဖေဖော်ဝါရီ ၂၄) တွင် ဒုတိယနေ့အဖြစ် ဗုံးကြဲတိုက်ခိုက်ခဲ့သည်။

နံနက်ပိုင်း ၅း၃၀ နှင့် ၁၁း၃၀၊ မွန်းတည့် ၁၂း၃၀ တို့တွင် လေယာဉ်ရောက်လာသည်ဟု ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) တပ်ဖွဲ့ဝင်တစ်ဦးက Myanmar Now ကို ပြောသည်။ 

“သုံးကြိမ် လာကြဲသွားပြီ။ နန်းမယ်ခုံမြို့ အနီးအနားတစ်ဝိုက်၊ ဒီနန်းမယ်ခုံ ကျွန်းတောရွာမှာလည်း နည်းနည်းကျမယ် ထင်တယ်။ တစ်ကြိမ်ကို ၃ လုံး၊ ၄ လုံး ကြဲတယ်။ အခု (တတိယအကြိမ်)ဆို ၄ လုံးအထိ ကြဲတယ်” ဟု ၎င်းက ဆိုသည်။

ဗုံးကြဲခံရသည့်နေရာများတွင် ဒေသခံများ ဆက်လက်နေထိုင်ခြင်း မရှိတော့ကြောင်း၊ ထိခိုက်ပျက်စီးမှုအခြေအနေကို မသိရသေးကြောင်း ၎င်းက ဆက်ပြောသည်။ 

“စစ်ကောင်စီက နန်းမယ်ခုံကို ရောက်နေပြီ။ ခြေကုပ်ယူနေပြီ၊ စခန်းချတော့မှာ” ဟု ၎င်းက ဆက်ပြောသည်။

ယမန်နေ့ကလည်း နန်းမယ်ခုံမြို့ ဒေါကမီးရွာနှင့် ဆီးလီဒုန်းရွာ လေကြောင်း ဗုံးကြဲခံရပြီး အရပ်သား ၃ ဦး သေဆုံး၊ ၅ ဦး ဒဏ်ရာရခဲ့သည်။

ဖေဖော်ဝါရီ ၁၆ ရက်နေ့မှစ၍ ရှမ်းပြည်နယ်တောင်ပိုင်း မိုးဗြဲမြို့ကို စစ်ကောင်စီက လက်နက်ကြီးနှင့်သာမက လေကြောင်းမှပါ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ယမန်နေ့မှစ၍ အနီးရှိ နန်းမယ်ခုံမြို့ကိုပါ ထိုးစစ်ဆင်လာခြင်းဖြစ်သည်။

မိုးဗြဲတိုက်ပွဲတွင် KNDF အပါအဝင် ပူးပေါင်းတပ်များက စစ်ကောင်စီကို ဝင်ရောက်တိုက်ခိုက်ရာ နှစ်ဖက် အကျအဆုံးများခဲ့သည်။ 

ကရင်နီပြည်နယ်ဟု ဒေသခံတို့ ခေါ်ဆိုကြသည့် ထိုနေရာသည် နေပြည်တော်နှင့် နီးကပ်စွာ တည်ရှိပြီး လက်နက်ကိုင်အဖွဲ့များက နယ်မြေထိန်းချုပ်နိုင်မှု အားကောင်းနေရာ စစ်ကောင်စီတပ်က ပြင်းပြင်းထန်ထန် စစ်ဆင်လျက်ရှိသည်။

လက်နက်အင်အား အသင့်အတင့်ရှိသော်လည်း ကျည်ဆန်နည်းပါးလာသဖြင့် လှူဒါန်းကြရန် အင်တာနက်စာမျက်နှာများတွင် တိုက်တွန်းနေသည်ကို တွေ့ရသည်။

စစ်ကောင်စီကမူ လက်နက်ကိုင်ခုခံသူတို့သည် အကြမ်းဖက်သမားများဖြစ်သည်ဟု နေ့စဉ် သတင်းထုတ်ပြန်လျက်ရှိသည်။

ကရင်နီဒေသထိုးစစ်ဆင်မှုအခြေအနေကို ဗိုလ်ချုပ်ကြီးတို့က သတင်းအမှောင်ချထားသည်။

ဤအတောအတွင်း စစ်မျက်နှာအများအပြားဖွင့်ထားရသော စစ်ကောင်စီသည် တိုက်ပွဲပြင်းထန်ခဲ့ဖူးသော ရခိုင်ပြည်နယ်တွင် အပစ်ရပ်ထားရသည်။

(လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့အကူအညီကို လိုအပ်နေပါတယ်။ ဒီနေရာကိုနှိပ်၍ လှူဒါန်းနိုင်ပါတယ်။)

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button