ယနေ့ (ဖေဖော်ဝါရီ ၂၃) ညနေက ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ နန်းမယ်ခုံမြို့တွင် စစ်ကောင်စီလေတပ် လာရောက် ဗုံးကြဲသဖြင့် အရပ်သား ၃ ဦး ပွဲချင်းပြီးသေဆုံးကာ ၅ ဦး ဒဏ်ရာရသွားသည်ဟု ဒေသခံတို့ထံမှ သိရသည်။
ဖေဖော်ဝါရီ ၁၆ က ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုးဗြဲမြို့တွင် စစ်ကောင်စီတပ်နှင့် ကရင်နီပူးပေါင်းတပ်များအကြား တိုက်ပွဲစတင်ခဲ့ပြီး စစ်ကောင်စီက လက်နက်ကြီးများ၊ လေကြောင်းပစ်ကူများဖြင့် အပြင်းအထန် ထိုးစစ်ဆင်လျက်ရှိသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာ တွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)
[youtube https://youtu.be/14Bw_L83s8Q]