ယမန်နေ့ (ဖေဖော်ဝါရီ ၁၀) ၌ တိုက်ပွဲဖြစ်ခဲ့သည့် ကယား (ကရင်နီ) ပြည်နယ်၊ လွိုင်ကော်မြို့နယ် သုံးမိုင်ပကြဲရွာတွင် မီးလောင်ကျွမ်းထားသည့် အရပ်သားနှစ်ဦး၏ ရုပ်အလောင်းကို ယနေ့ နံနက်ပိုင်းတွင် တွေ့ရသည်ဟု ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) ထံမှ သိရသည်။
အာဏာသိမ်း စစ်ကောင်စီတပ်က ကရင်နီပြည်နယ်တွင် အရပ်သား ၂၀၀ နီးပါးကို သတ်ဖြတ်ခဲ့ကြောင်း တိုးတက်သောကရင်နီပြည်သူ့အင်အားစု (PKPF) က ဖေဖော်ဝါရီ ၁ တွင် သတင်းထုတ်ထားသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာ တွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)
[youtube https://youtu.be/n2lsMnPzn_Y]