အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ရုပ်သံရုပ်သံသတင်း

ဒီးမော့ဆိုမြို့ကို စစ်တပ် ပြန်ထိန်းချုပ်လိုက်ပြီ

ကရင်နီပြည်နယ်မြို့တော် လွိုင်ကော်အနီးက တော်လှန်ရေးတပ်တွေသိမ်းပိုက်ထားတဲ့ ဒီးမော့ဆိုမြို့ကို အာဏာသိမ်းစစ်တပ်က ပြန်လည်ထိန်းချုပ်လိုက်ပါတယ်။ 

လွိုင်ကော်မြို့ရဲ့ အနောက်တောင်ဘက် ၉မိုင်ကျော်အကွာက ဒီးမော့ဆိုမြို့ကို အာဏာသိမ်းစစ်တပ်က စစ်ကြောင်းထိုးလာပြီး လွန်ခဲ့တဲ့ ၃ရက်လောက်က မြို့ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့တာလို့ သိရပါတယ်။ 

ကရင်နီပြည်နယ်ရဲ့ မြို့တော်လွိုင်ကော်နဲ့ ရှမ်း-ကရင်နီအစပ်က မိုးဗြဲမြို့တွေကို တော်လှန်ရေးတပ်တွေလက်ထဲကနေ ပြန်သိမ်းထားတဲ့ စစ်တပ်ဟာ အခုတော့ ဒီးမော့ဆိုမြို့ကိုပါ ဆက်လက်ထိန်းချုပ််နိုင်တာ ဖြစ်ပါတယ်။ 

ဒီးမော့ဆိုမြို့ကို ပြန်လည်ထိန်းချုပ်ပြီးတဲ့နောက် စစ်တပ်ဟာ ဖရူဆိုမြို့နယ်ဘက်ကို ဆက်လက်ထိုးစစ်ဆင်လာတာကြောင့် တော်လှန်ရေးတပ်တွေ ကာကွယ်နေရတယ်လို့ သိရပါတယ်။ 

မြို့နယ်အဆင့်ရှိတဲ့ ဒီးမော့ဆိုမြို့နယ်ဟာ လွိုင်ကော်၊ ဖရူဆို၊ ဘော်လခဲနဲ့ ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်တို့နဲ့ နယ်နိမိတ်ချင်း ထိစစ်နေတာပါ။ 

မြတ်ကြီး/ Myanmar Now

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button