အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

တနင်္သာရီ အစိုးရ ဒေါသထွက်ခဲ့သည့် သရော်စာ ရေးသားမှုအတွက် တနင်္သာရီဂျာနယ်ကို ငွေဒဏ် ၅ သိန်း ပေးရန်အမိန့်ချ

တနင်္သာရီ အပတ်စဉ်ဂျာနယ်တွင် ဖော်ပြခဲ့သည့် သရော်စာသည် တနင်္သာရီတိုင်း ဝန်ကြီးချုပ်နှင့် တိုင်းအစိုးရအဖွဲ့၏ ဂုဏ်သိက္ခာကို ထိခိုက်ရေးသားကြောင်း ပြစ်မှုထင်ရှားသည်ဟုဆိုကာ ထားဝယ်မြို့နယ် တရားရုံးက တနင်္သာရီ ဂျာနယ်ကို ဒဏ်ငွေ သိန်း ပြစ်ဒဏ်ချလိုက်သည်။

၂၀၁၇ နိုဝင်ဘာလ ၂၀ ရက်နေ့ထုတ် တနင်္သာရီအပတ်စဉ် အတွဲ အမှတ် ၁၇ တွင် ဖော်ပြခဲ့သည့် ကလောင်ရှင် မူးဆေးအိုး၏မဲဆွယ်အပြုံးသရော်စာနှင့် ပတ်သက်ပြီး တိုင်းအစိုးရအဖွဲ့ရုံး ဒုတိယညွှန်ကြား ရေးမှူးက သတင်းမီဒီယာဥပဒေ ပုဒ်မ ၂၅ () ဖြင့်  တရားစွဲခဲ့ခြင်းဖြစ်သည်။

သရော်စာတွင် အုပ်ချုပ်ရေးမှူးအဖြစ် အရွေးခံရသည့်ရှင်ဂွမ်းဂွိအမည်ရှိ အမျိုးသမီးတစ်ဦးအား ဇာတ်ကောင်အဖြစ် ထည့်သွင်းရေးသားခဲ့သည်။

သရော်စာ၏ တစ်နေရာတွင်အဆိုးဆုံးမှာ လျှပ်စစ်မီးကိစ္စ အာထွားမိခြင်း ဖြစ်သည်။ ယူနစ်ဈေးကို သူမစတက်စဉ်ကထက် ဆခန့် လျော့ကျအောင် စွမ်းဆောင်ပါမည် ပြောခဲ့မိသည်။ သို့သော် အခု နှစ်ကျော်သည်အထိ မလုပ်နိုင်ခဲ့။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

ကြားထဲတွင် လျှပ်စစ်မီးပေးနေသည့် ရှင်ဂွမ်းဂွိ၏ ဆွေတော်မျိုးတော်များ ပိုင် ဆိုင်သော မီးစက်က ခဏခဏပျက်နေခြင်းကလည်း သူ့မအား ရွာ၏ထောက်ခံမှု လျော့ကျစေသည်ဟု ကလောင်ရှင် မူးဆေးအိုး ကရေးသားခဲ့သည်။

သရော်စာတွင် ဝန်ကြီးချုပ် ဒေါ်လဲ့လဲ့မော်နှင့် အစိုးရအဖွဲ့၏အမည် မပါဝင်ခဲ့သော်လည်း ဂျာနယ်၏ ရေးသားမှုသည် ၎င်းတို့အား ရည်ညွှန်းကြောင်း ပေါ်လွင်ခြင်း၊ သရော်စာသည် မီဒီယာ လွတ်လပ်ခွင့် ရှိသည်ထက် ပိုမိုရေးသားသည်ဆိုကာ တရားသူကြီးက သုံးသပ်၍ အပြစ်ရှိကြောင်း အမိန့် ချမှတ်ပြီး ဒဏ်ငွေ သိန်းကို ပေးဆောင်ရန်ဆုံးဖြတ်ခဲ့ကြောင်း ဂျာနယ် တာဝန်ခံ အယ်ဒီတာ ဦးမျိုးအောင်က ပြောသည်။

အားလုံးက ကိုယ့်သမိုင်း ကိုယ် ရေးတာပဲ။ ကျွန်တော်တို့ရဲ့ ခုခံချေပချက်ကလည်း ကျွန်တော်တို့ သမိုင်းပဲ။ တရားမမျှတဘူးထင်လို့ကို ကျွန်တော်တို့က ချေပတာ။ဒီဟာက မီဒီယာ လွတ်လပ်ခွင့်အတွက် နာမူနာ တစ်ခု ဖြစ်လာလိမ့်မယ်။ဟု ဆိုသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button