အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ပြင်ဆင်အတည်ပြုထားသည့် ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ် မကြာမီထုတ်ပြန်မည်

ရှစ်လနီးပါး ပြင်ဆင်ရေးဆွဲထားသည့် ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်၏ အစိတ်အပိုင်း (၁) နှင့် (၂) ကို မကြာမီထုတ်ပြန်သွားမည်ဟု တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ အပါအဝင် စစ်အာဏာရှင်ဆန့်ကျင်သူများ၊ အင်အားစုများ စုဖွဲ့ထားသည့် အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) က ဆိုသည်။

ဖက်ဒရယ်ပြည်ထောင်စုတည်ထောင်ရေးဆိုင်ရာ မူဝါဒလမ်းစဉ်များ ပါဝင်သည့် ဖက်ဒရယ်ပဋိညာဉ်ကို ပြီးခဲ့သည့်နှစ် မေလမှစ၍ နှစ်ကုန်ပိုင်းအထိ ပြန်လည်သုံးသပ်ကာ ပြင်ဆင်ရေးဆွဲခဲ့ခြင်းဖြစ်ကြောင်း သတင်းစာရှင်းလင်းပွဲတွင် NUCC အဖွဲ့ဝင် ဦးတိုးကျော်လှိုင်က ပြောသည်။

“ပြင်ဆင်ချက်တွေလည်း အများကြီးရှိခဲ့ပါတယ်။ နောက်ဆုံး အားလုံးကနေပြီးတော့ သဘောတူ လက်ခံနိုင်လောက်တဲ့အထိ ပြင်ဆင်ချက်တွေကိုလည်း အကြိတ်အနယ် ဆွေးနွေးခဲ့ပြီးတော့မှ အတည်ပြုခဲ့တာ ဖြစ်ပါတယ်” ဟု ၎င်းက ပြောသည်။​

ဇန်နဝါရီ ၂၇ မှ ၂၉ အထိ သုံးရက်တာပြုလုပ်သော ပထမအကြိမ်ပြည်သူ့ညီလာခံနှင့် ပတ်သက်၍ ပြုလုပ်သော ထိုသတင်းစာရှင်းလင်းပွဲတွင် ကြားကာလဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ အစီအမံအဖြစ် ပဋိညာဉ်အတည်ပြုနိုင်ခဲ့ကြောင်း NUCC တာဝန်ရှိသူများက ပြောကြားခြင်းဖြစ်သည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

​“မကြာခင်မှာ အားလုံးကို အသိပေးပြီး ပွင့်ပွင့်လင်းလင်းချပြဖို့ ရှိပါတယ်။ တရားဝင်ထုတ်ပြန်ကြေညာပေးမှာဖြစ်ပါတယ်” ဟု စစ်အာဏာရှင်ဆန့်ကျင်ရေး အထွေထွေသပိတ် ပူးပေါင်းဆောင်ရွက်ရေးကော်မတီ (GSCC) ကိုယ်စားလှယ်လည်းဖြစ်သည့် ဦးတိုးကျော်လှိုင်က ပြောသည်။

စစ်တပ်က အာဏာသိမ်းပြီး လေးရက်အကြာ ဖေဖော်ဝါရီ ၅ ရက်နေ့တွင် ရွေးကောက်ခံအမတ်များဖြင့် စတင်စုဖွဲ့ခဲ့သည့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) က မတ်လ ၃၁ ရက်တွင် စစ်ဗိုလ်ချုပ်များ စိတ်ကြိုက်ရေးဆွဲထားသည့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဖျက်သိမ်းကြောင်း ကြေညာကာ ဖက်ဒရယ်ပဋိညာဉ်ကိုလည်း တစ်ပါတည်း ထုတ်ပြန်ခဲ့သည်။​

အဆိုပါ ဖက်ဒရယ်ပဋိညာဉ်နှင့် ပတ်သက်၍ တိုင်းရင်းသားအဖွဲ့အစည်းများအပါအဝင် တော်လှန်ရေးအင်အားစုများအကြား ဝေဖန်မှုများ ပေါ်ပေါက်ခဲ့ပြီးနောက် ယခုကဲ့သို့ လအတန်ကြာ ပြင်ဆင်ရေးဆွဲခဲ့ခြင်းဖြစ်သည်။ 

အဖွဲ့အစည်း ၂၈ ဖွဲ့ဖြင့် စတင်ဖွဲ့စည်းခဲ့သော NUCC ကို အဖွဲ့အစည်း ၃၃ ဖွဲ့အထိ ထည့်သွင်းကာ တိုးချဲ့ဖွဲ့စည်းလိုက်ကြောင်းလည်း ယနေ့သတင်းစာရှင်းလင်းပွဲတွင် NUCC တာဝန်ရှိသူများက ထုတ်ဖော်ပြောဆိုသည်။

သို့သော် NUCC တွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ မည်မျှအထိ ပါဝင်သည်ကို အသေးစိတ်ထုတ်ဖော်ပြောဆိုခြင်း မရှိပေ။

မြောက်ပိုင်းအခြေစိုက် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များ ပါဝင်နိုင်ရေးနှင့် ပတ်သက်၍ ဆက်သွယ်မှု ရှိနေပြီး လုပ်ငန်းတချို့ ပူးတွဲဆောင်ရွက်နေသည်ဟုသာ အကြမ်းဖျင်းပြောကြားနိုင်သေးသည်ဟု ဆိုသည်။​

စစ်အာဏာသိမ်းမှု တစ်နှစ်ပြည့်ခါနီးအချိန်တွင် ပြုလုပ်သော NUCC ၏ ပြည်သူ့ညီလာခံနှင့် ပတ်သက်၍ ထုတ်ပြန်ချက်တွင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကို ထပ်မံအတည်ပြုသည့်ပြင် ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်ကို လက်တွေ့အကောင်အထည်ဖော်ရန် အတည်ပြုကြောင်း ပါဝင်သည်။ 

စစ်ကောင်စီက လေကြောင်းစစ်ဆေးရေးများဖြင့် အရပ်သားများကို ပစ်မှတ်ထားတိုက်ခိုက်နေမှုနှင့် အစုလိုက်အပြုံလိုက်သတ်ဖြတ်နေမှုများမှ အကာအကွယ်ပေးနိုင်ရန် နိုင်ငံတကာအာမခံမှုဖြင့် ကရင်နီဒေသနှင့် ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်းတို့တွင် လုံခြုံသော နေရာများ ဖန်တီးပေးရန်လည်း NUCC က တောင်းဆိုသည်။​

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles