ကယားပြည်နယ်၊ လွိုင်ကော်မြို့ထဲတွင် ဇန်နဝါရီလ ၁၀ ရက် ယနေ့နံနက်ပိုင်း၌ ပစ်ခတ်သံများ မကြားရသော်လည်း ဒေသခံအများအပြား စစ်ဘေးရှောင်ရန် မြို့ထဲမှ ထွက်ခွာနေကြကြောင်း မြို့ခံများက ဆိုကြပါသည်။
ပြီးခဲ့သည့်ရက်များအတွင်း တိုက်ပွဲများဆက်တိုက်ဖြစ်နေခဲ့သည့် မိုင်းလုံးရပ်ကွက်၊ ပန်ကန်းရပ်ကွက်၊ ရွာတန်းရှည်ရပ်ကွက် စသည့် ရပ်ကွက်များထဲတွင် ပိတ်မိနေသည့် သူများကို တတ်နိုင်သလောက် ကယ်ထုတ်ပေးနေကြောင်း ကရင်နီဒီမိုကရက်တစ်တပ်ဦး(KDF)အဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူက Myanmar Now ကို ပြောသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာ တွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)
[youtube https://youtu.be/qDgjXxwRVI0]