အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ရုပ်သံ

စစ်ကောင်စီတိုက်လေယာဉ်များ လွိုင်ကော်ကို ဗုံးကြဲတိုက်ခိုက်

ကယား (ကရင်နီ) ပြည်နယ်၊ လွိုင်ကော်မြို့တွင် ယနေ့ (ဇန်နဝါရီ ၈) နံနက်မှစ၍ တိုက်ပွဲများ ပြင်းထန်နေရာ စစ်ကောင်စီဘက်က သံချပ်ကာယာဉ်တစ်စီးအပါအဝင် စစ်သည်အင်အား အများအပြားသုံးထားသလို လေကြောင်းမှလည်း လာရောက်တိုက်ခိုက်နေသည်ဟု ကရင်နီဒေသခံ ပြည်သူ့ကာကွယ်ရေးအဖွဲ့များက ပြောသည်။

လက်ရှိအနေအထားအရ ဒီးမော့ဆို(‌ခြောက်မိုင်)၊ ဒေါပိုးစီ၊ ရွာတန်းရှည်၊ ပန်ကန်း စသည့်နေရာများတွင် တိုက်ပွဲ ဆက်လက်ပြင်းထန်နေပြီး ကရင်နီဒေသခံ ပြည်သူ့ကာကွယ်ရေးအဖွဲ့ပေါင်းစုံက ပူးပေါင်းပြီးခုခံနေသည်ဟု ဆိုသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာ တွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

[youtube https://youtu.be/aLaNH1uICnk]

Related Articles

Back to top button