အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

တိုက်ပွဲ ၂ ရက်ဆက်ဖြစ်သော မတူပီမြို့တွင် သုံ့ပန်း ၂ ဦးရဟု CDF ပြော 

ချင်းပြည်နယ်၊ မတူပီမြို့နယ်မှ ထယ်ဘွေးအခြေစိုက်စခန်းကို နှစ်ရက်ဆက် ဝင်ရောက်တိုက်ခိုက်နေရာ စစ်ကောင်စီတပ်ဘက်က အထိနာနေသည်ဟု ချင်းဒေသကာကွယ်ရေးတပ်ဖွဲ့ (CDF) ထံမှ ယနေ့ (ဇန်နဝါရီ ၄) တွင် သိရသည်။ 

ထိုစခန်းမှာ မတူပီ – ပလက်ဝလမ်းပေါ်တွင် ရှိသည်ဟု CDF (မတူပီ) ပြန်ကြားရေးတာဝန်ခံ ကိုနွေဦးလင်းက ပြောသည်။ 

“မနေ့က တိုက်ပွဲက စခန်းသိမ်းဖို့တော့ မလွယ်ဘူး။ သူတို့မှာ အင်အားက ၆၀ လောက်ရှိတယ်။ အထဲမှာလဲ ကတုတ်ကျင်းတွေလည်း တူးထားတာဆိုတော့ သူတို့က လုံးဝ ထွက်မလာဘူး။ နှစ်ဖက် စစ်ရေးကလည်း တင်းမာနေဆဲပဲ”  

ယမန်နေ့တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်မှ ၅ ဦး သေဆုံးပြီး ၁၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိကြောင်း၊ ယနေ့ နံနက် ၁၀ နာရီဝန်းကျင် ထပ်မံတိုက်ခိုက်မှုတွင် CDF (မတူပီ) အဖွဲ့ဝင်တစ်ဦး မိုင်းထိပြီး ဒဏ်ရာအနည်းငယ်ရသွားကြောင်း ကိုနွေဦးလင်းက ဆက်ပြောသည်။ 

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

တိုက်ပွဲအခြေအနေအသေးစိတ်ကို ဆက်လက်ထုတ်ပြန်သွားမည်ဟု ၎င်းက ပြောသည်။ 

နှစ်ဖက် ထိခိုက်သေဆုံးမှုအရေအတွက်နှင့် ပတ်သက်ပြီး Myanmar Now အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါ။ 

ယမန်နေ့ညနေက ဟားခါး-မတူပီလမ်းအတိုင်း အင်အား ၁၀၀ နီးပါးဖြင့် တက်လာသည့် စစ်ကောင်စီစစ်ကြောင်းနှင့် တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု CDF (မတူပီ) ထံမှ သိရသည်။

ဖနိုင်ရွာနှင့် ငလိုင်ရွာအကြား ဖြစ်ပွားသော ထိုတိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦးကို အရှင်ဖမ်းမိထားသည်ဟု CDF (မတူပီ) ပြန်ကြားရေးတာဝန်ခံက ဆိုသည်။ 

“ထွက်ပြေးလာတာ မဟုတ်ဘူး။ သူတို့က စစ်ကြောင်းချီလာတာပေါ့။ ရှေ့ပြေးလာတာကို ဖြတ်တိုက်ပြီးတော့ ရှေ့ဆုံးက နှစ်ယောက်ကို ဖမ်းလိုက်တာ” ဟု ၎င်းက ပြောသည်။

ထိုနှစ်ယောက်နှင့် ပတ်သက်၍ အသေးစိတ်အခြေအနေများကို ထုတ်ဖော်ပြောဆိုဦးမည်မဟုတ်ဟု ဆိုသည်။

အဆိုပါစစ်ကြောင်းသည် ဆက်လက်တက်လာနေပြီး ယနေ့ ပစ်ခတ်မှုမဖြစ်သေးသော်လည်း နှစ်ဖက် စစ်ရေးတင်းမာကာ စောင့်ကြည့်နေဆဲဖြစ်သည်ဟု ၎င်းက ပြောသည်။

CDF ၏ ပြောဆိုချက်နှင့် ပတ်သက်ပြီး စစ်ကောင်စီပြောခွင့်ရအရာရှိကို ယနေ့ ညနေပိုင်းက မေးမြန်းရန် ကြိုးပမ်းသော်လည်း ဖုန်းဆက်သွယ်၍ မရသေးပေ။

မတူပီ – ပလက်ဝလမ်းပေါ်တွင် အခြေစိုက်ထားသည့် ခြေမြန်တပ်ရင်း ခမရ ၃၀၄ တပ်ရင်းကင်းစခန်းတစ်ခုကို ၂၀၂၁ နိုဝင်ဘာလကုန်၌ CDF (မတူပီ) က ဝင်ရောက်တိုက်ခိုက်ရာ စစ်ကောင်စီဘက်မှ ၂ ဦး သေဆုံးပြီး ၅ ဦး ထိခိုက်​ဒဏ်ရာရရှိခဲ့ကြောင်း စစ်ကောင်စီက သတင်းထုတ်ပြန်ထားသည်။ 

မတူပီမြို့နယ်အတွင်း တိုက်ပွဲများကြောင့် ဒေသခံ ၃၀၀၀ နီးပါး နေရပ်စွန့်ခွာထွက်ပြေးနေရပြီး စားဝတ်နေရေးအကျပ်အတည်း ရင်ဆိုင်နေရကြောင်း CDF (မတူပီ) ထံမှ သိရသည်။ 

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button