
ညပိုင်းအပူချိန် ၁၀ ဒီဂရီအောက်အထိအေးသည့် ကရင်နီပြည်နယ် ဒီးမော့ဆိုမြို့နယ်ထဲက တောတောင်များကြားထဲတွင် တိမ်းရှောင်ခိုလှုံနေကြရသည့် စစ်ဘေးရှောင် ဒုက္ခသည်များအတွက် စားနပ်ရိက္ခာ၊ ဆေးဝါးနှင့် အဝတ်အစားလိုအပ်ချက်များရှိနေကြောင်း စစ်ဘေးရှောင်များက ဆိုသည်။
စစ်ဘေးရှောင်စခန်းများ၌ သောက်သုံးရေမသန့်ရှင်းသဖြင့် သက်ကြီးရွယ်အိုများနှင့် ကလေးသူငယ်များ ဝမ်းပျက်ဝမ်းလျောရောဂါများ ခံစားနေရသလို အေးလွန်းသည့် ရာသီဥတုကြောင့် နှာစေး၊ ချောင်းဆိုး၊ ဖျားနာသည့်ပြင် လေဖြတ်၊ လေငန်းဖြစ်သည်အထိ ခံစားနေကြရကြောင်း သိရပါသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာ တွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)
[youtube https://youtu.be/GHZNhiwEyvA]



