အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ရွှေတိဂုံရွှေပြား စစ်ဆေးမှုရလဒ် သာ/ယဉ် ဝန်ကြီးဌာန သံသယရှိ

(ရန်ကုန်) – မကြာသေးမီကထုတ်ပြန်ခဲ့သော ရွှေတိဂုံစေတီတော်မှ ရွှေပြားများ၏ အရည်အသွေး စစ်ဆေးမှုရလဒ်ကို သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက သံသယရှိကြောင်း ယနေ့ ထုတ်ဖော်ပြောကြားလိုက်ပြီး တိကျသည့်ရလဒ် ထွက်ပေါ်စေရေး စစ်ဆေးနိုင်သည့် ပညာရှင်များ ပူးပေါင်းရန် ဖိတ်ခေါ်လိုက်သည်။

ရွှေစင်ပြား ၄၀၀၀ နီးပါးရှိသည့် စေတီတော်၏ ကြာမှောက်ကြာလန် ဧရိယာမှ ၉ ချပ်ကို စစ်ဆေးသည့်ရလဒ်သည် မူလကပ်လှူစဉ်က ဖော်ပြထားသည့် ရွှေရာခိုင်နှုန်းထက် ပိုမိုနေသည်ဟု အဖြေထွက်ပေါ်ခဲ့ခြင်းကို ဝန်ကြီးဌာနဘက်က ယနေ့တွင် ကြေညာချက်ထုတ်ကာ ထောက်ပြလိုက်သည်။

၂၀၀၉ခုနှစ်က ကပ်လှူခဲ့သည့် အဆိုပါရွှေစင်ပြားများတွင် ရွှေပါဝင်မှု ၉၈ ရာခိုင်နှုန်းဟု ၎င်းတို့ သိရှိခဲ့သော်လည်း ပြီးခဲ့သည့် လပိုင်းက စစ်ဆေးခဲ့သည့် ရလဒ်တွင် ၉၈ ဒသမ ၉၁ ရာခိုင်နှုန်းဟု တွေ့ရှိခြင်းကို ဝန်ကြီးဌာနက ထောက်ပြခဲ့သည်။

“ ၎င်းရွှေစင်ပြားများသည် သဘာဝအရ ရေ၊လေ၊နေ၊မိုး ဒဏ်များ ၉ နှစ်ကြာ ထိတွေ့ခံစားပြီးမှ မူလအရည်အသွေးထက် သာလွန်ကောင်းမွန်နေသည့် ရလဒ်မှာ သတိပြုစဉ်းစားရမည့် အချက်တစ်ချက်ဖြစ်ကြောင်း” ယနေ့တွင် လူမှုကွန်ရက်မှတဆင့် ထုတ်ပြန်သည့် ဝန်ကြီးဌာန၏ကြေညာချက်တွင် ရေးသားထားသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

ရွှေပြားများ၏ အရည်အသွေးကို တိကျသည့် ရလဒ်ထွက်လာရန် တတိယအဖွဲ့အစည်း (Third Party) ဖြင့် စစ်ဆေးရန် လိုအပ်ကြောင်းလည်း ထုတ်ပြန်လိုက်ပြီး အစိုးရနှင့် အရပ်ဘက်မှ ပညာရှင်များကိုလည်း ပါဝင်ကူညီရန် ဖိတ်ကြားလိုက်သည်။

စေတီတော်၏ ကြာမှောက်ကြာလန်ဧရိယာသည် ညိုမည်းလာပြီးနောက် အဆိုပါနေရာတွင် ကပ်လှူထားသည့် ရွှေပြားများ၏ အရည်အသွေးနှင့် ပတ်သက်ပြီး ဝေဖန်မှုများခံခဲ့ရသည်။

အဆိုပါရွှေပြားများသည် အရည်အသွေးမပြည့်ခြင်းကြောင့် မည်းညစ်သွားခြင်းဖြစ်ကြောင်း အွန်လိုင်းလူမှုကွန်ရက်တွင် ထင်မြင်ချက်အများအပြား ပေါ်ပေါက်နေရာ ဂေါပကအဖွဲ့က ရွှေပြားတို့၏ အရည်အသွေးသည် ၁၆ ပဲရည် ရှိကြောင်း စက်တင်ဘာလအတွင်းက တုံ့ပြန်ထားသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button