အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

စစ်ကောင်စီက အကြမ်းဖက်မှုတွေရပ်ဖို့ ကန်သမ္မတ အာဆီယံမှာပြောကြား

အာဆီယံနဲ့ အမေရိကန် ထိပ်သီးအစည်းအဝေး ယမန်နေ့ ညက အင်တာနက်မှတစ်ဆင့် ကျင်းပခဲ့ရာမှာ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်တက်ရောက်ခဲ့ပါတယ်။

ဂျိုးဘိုင်ဒန်က မြန်မာ့အရေးနဲ့ ပတ်သက်ပြီး ထည့်သွင်းပြောကြားရာမှာ စစ်ကောင်စီဟာ အကြမ်းဖက်ရက်စက်နေမှုတွေကို ရပ်တန်းကရပ်ဖို့၊ မတရားဖမ်းဆီးထားသူတွေကို ပြန်လွှတ်ပေးဖို့နဲ့ မြန်မာနိုင်ငံကို ဒီမိုကရေစီလမ်းကြောင်းပေါ်ပြန်လည်ရောက်ရှိအောင်လုပ်ဖို့ တိုက်တွန်းပြောဆိုခဲ့ပါတယ်။

နောက်ပြီး အာဆီယံရဲ့ မြန်မာ့အရေးဘုံသဘောတူညီချက်ဖြစ်တဲ့ မတရားဖမ်းဆီးထားသူတွေကို ပြန်လွှတ်ပေးရေး၊ အာဆီယံအထူးကိုယ်စားလှယ်ကို မြန်မာပြည်က သက်ဆိုင်သူအားလုံးနဲ့ တွေ့ဆုံခွင့်ပေးရေး အစရှိတဲ့ အချက် ချက်ကိုလည်း မြန်မာစစ်ကောင်စီက လိုက်နာဖို့ အာဆီယံက ကြိုးပမ်းအားထုတ်မှုတွေကိုလည်း ထောက်ခံတယ်လို့ သူက ပြောဆိုခဲ့ပါတယ်။

ထိုင်း၊ မလေးရှား၊ ဖိလစ်ပိုင်၊ အင်ဒိုနီးရှား၊ ကမ္ဘောဒီးယားနဲ့ င်္ကာပူနိုင်ငံ ခေါင်းဆောင်တွေကလည်း အာဆီယံဘုံသဘောတူညီချက်ကို မြန်မာစစ်ကောင်စီက လိုက်နာဖို့ ဖိအားပေးပြောဆိုတာတွေ အာဆီယံထိပ်သီးအစည်းအဝေး ပထမနေ့ဖြစ်တဲ့ အောက်တိုဘာ ၂၆ ရက်နေ့မှာ ပြောဆိုခဲ့ကြပါတယ်။

အာဆီယံလက်ရှိဥက္ကဋ္ဌဖြစ်တဲ့ ဘရူးနိုင်းနိုင်ငံကတော့ မြန်မာပြည်က နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးဖို့နဲ့ အကြမ်းဖက်မှုတွေရပ်တန့်ဖို့ တိုက်တွန်းတာအပြင် မြန်မာဟာ အာဆီယံရဲ့ မိသားစုဝင်အဖြစ် ဆက်လက်ရှိနေကြောင်းနဲ့ ပြည်တွင်းပြဿနာတွေကို ဖြေရှင်းဖို့ အချိန်ယူရဦးမှာ ဖြစ်ကြောင်းလည်း ပြောဆိုခဲ့ပါတယ်။

မြန်မာစစ်ကောင်စီကတော့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် သို့မဟုတ် စစ်ကောင်စီဝန်ကြီးတစ်ယောက်ယောက်တက်ခွင့်မရတဲ့အတွက် တက်ဘူးလို့ ထုတ်ပြန်ထားပါတယ်။ ဒီသဘောထားဟာ အာဆီယံထိပ်သီးအစည်းအဝေးကို သပိတ်မှောက်တာမဟုတ်ဘူး၊ အာဆီယံနဲ့တတ်နိုင်သမျှပူးပေါင်းဆောင်ရွက်သွားမယ်လို့ စစ်ကောင်စီက ယမန်နေ့က ထပ်ဆင့်သတင်းထုတ်ပြန်ထားပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာ တွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)
 

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button