အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

တန့်ဆည်မြို့ ကျီကုန်းရွာကို စစ်ကောင်စီတပ်ဝင်စီး၊ အိမ် ၁၁ လုံးမီးရှို့

ပျူစောထီးခေါင်းဆောင်ဟု နာမည်ထွက်နေသည့်၊ ရဲနှင့် ဆက်စပ်သည့် မိသားစုဝင် ၅ ဦး အသတ်ခံထားရသည့် တန့်ဆည်မြို့နယ်၊ ကျီကုန်းကျေးရွာကို ယနေ့ (စက်တင်ဘာ ၂၃) မနက်ပိုင်းတွင် စစ်ကောင်စီတပ်သားများ ဝင်ရောက်စီးနင်းပြီး နေအိမ် ၁၁ လုံးကို မီးရှို့သွားကြောင်း ဒေသခံများထံမှ သိရသည်။ 

“မနက်ခင်း ၉ နာရီခွဲ ၁၀ နာရီလောက်ကနေ ရွာထဲကို ရောက်လာတယ်။ ပြီးတော့ အနီးအနားကအိမ်တွေကို မီးရှို့တာ။ မီးလောင်တဲ့အိမ်က ၁၁ အိမ်ရှိတယ်။ ရွာက တောင်သူလယ်သမားတွေဖြစ်တဲ့အတွက် စပါးတွေတော့ ထောင်ချီ ဆုံးရှုံးသွားတယ်။ ရွာသားတွေက ရွာထဲမှာ မနေရဲတော့ဘူး” ဟု လုံခြုံရေးအရ အမည်မဖော်လိုသည့် ကျီကုန်းရွာ ဒေသခံတစ်ဦးက ပြောသည်။ 

ထိုရွာမှ အဆောက်အအုံတချို့ မီးလောင်ကျွမ်းခဲ့သည့်ပုံ၊ နေအိမ်အတွင်းပိုင်း မွှေနှောက်ဖျက်ဆီးခံရပုံတချို့ အွန်လိုင်းလူမှုကွန်ရက်တွင် ထွက်ပေါ်လာသည်။

တန့်ဆည်မြို့ အနောက်တောင်ဘက် ၇ မိုင်ခန့်အကွာရှိ အဆိုပါကျေးရွာတွင် ယမန်နေ့ ည၌ စစ်ကောင်စီသတင်းပေး၊ ပျူစောထီးခေါင်းဆောင်ဟု နာမည်ထွက်နေသည့် အသက် ၅၀ ကျော်အရွယ် ဦးရဲမြင့်၊ ဇနီး၊ သား၊ သမီးနှင့် ၅ နှစ်အရွယ် မြေးဖြစ်သူတို့ အသတ်ခံခဲ့ရကြောင်း ဒေသခံများထံမှ သိရသည်။ 

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

ဦးရဲမြင့်၏ သမီးနှင့် သမက်မှာ ရဲတပ်ဖွဲ့ဝင်များဖြစ်ကြောင်း ဒေသခံတို့က ပြောသည်။ 

ယမန်နေ့ည ၉ နာရီဝန်းကျင်တွင် ဦးရဲမြင့်တို့ မိသားစုနေအိမ်ဘက်မှ ပစ်ခတ်သံများကြားရပြီးနောက် ရွာသို့ စစ်တပ်ရောက်လာမည်ကို စိုးရိမ်သည့်အတွက် ရွာသားတချို့ ညတွင်းချင်း ထွက်ပြေးတိမ်းရှောင်ရကြောင်း ဒေသခံများက ပြောသည်။ 

ကျီကုန်းရွာတွင် ၂ ရက်ဆက်တိုက် ပေါ်ပေါက်ခဲ့သည့် ဖြစ်ရပ်များနှင့် ပတ်သက်ပြီး တန့်ဆည်မြို့ရဲစခန်းကို မေးမြန်းရန် ကြိုးစားသော်လည်း တယ်လီဖုန်းအဆက်အသွယ် မရခဲ့ပေ။

အဆိုပါ မိသားစုအသတ်ခံရမှုမှာ ၎င်းတို့လက်ချက်မဟုတ်ကြောင်း တန့်ဆည်မြို့နယ် ဒေသခံပြည်သူ့ကာကွယ်ရေးအဖွဲ့ (PDF) က ငြင်းဆိုသည်။ 

“PDF ကတော့ မဖြစ်နိုင်ဘူးဗျ။ သူက မြို့နားနီးတယ်။ ရေဦးနဲ့အစပ်လည်း ကျတယ်။ တန့်ဆည်မြို့ပေါ်နားလည်း နီးတယ်။ PDF တွေက အဲ့ဒီနားကို လာဖို့က မဖြစ်နိုင်ဘူးဗျ။ သေချာတာကတော့ PDF တော့ မဖြစ်နိုင်ဘူး။ ဘယ်အဖွဲ့လို့လည်း အတိအကျ စုံစမ်းလို့ မရသေးဘူးဗျ” ဟု တန့်ဆည်မြို့နယ် PDF အဖွဲ့ဝင်တစ်ဦးက ပြောသည်။ 

ပြီးခဲ့သည့်ရက်ပိုင်းကလည်း ကပေါင်းကျကျေးရွာမှ စစ်တပ်သတင်းပေး(ဒလန်) ဟု နာမည်ကြီးနေသည့် အသက် ၅၀ အရွယ် ဦးဆန်းဝင်း၊ ဇနီးနှင့် သား ၃ ဦးကို လက်နက်ကိုင်လူတစ်စုက ပစ်သတ်ခဲ့သည်။ 

ကပေါင်းကျကျေးရွာသည် စစ်တပ်ဝင်ရောက်စီးနင်းမှုဒဏ် အများဆုံးခံရသည့် ကျေးရွာဖြစ်ပြီး သြဂုတ်လကုန်ပိုင်းက ဝင်ရောက်စီးနင်းမှုတွင် ဒေသခံ ၄ ဦး အသတ်ခံရပြီး ရွာသား ၃ ဦး ပျောက်ဆုံးနေဆဲဖြစ်သည်။ 

တန့်ဆည်မြို့သည် စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြပွဲများ အားကောင်းသည့်မြို့ဖြစ်ပြီး ဧပြီလ ၇ တွင် စစ်တပ်က ပစ်ခတ်ဖြိုခွဲပြီးနောက်ပိုင်းတွင် လက်နက်စွဲကိုင်တော်လှန်မှုများစတင်ခဲ့ရာ ၎င်းဒေသရှိ ကျေးရွာများကို စစ်တပ်က မကြာခဏဝင်ရောက်စီးနင်းနေသည်။ 

(လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့အကူအညီကို လိုအပ်နေပါတယ်။ ဒီနေရာကိုနှိပ်၍ လှူဒါန်းနိုင်ပါတယ်။)

Donate here > https://www.userroll.com/site/register/m1f6p

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles