အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

နေပြည်တော်တိုက်ခိုက်မှုအတွင်း ဒုရဲအုပ်တစ်ဦး သေဆုံးဟု PDF ပြော

စစ်ခေါင်းဆောင်များအခြေစိုက်ရာ နေပြည်တော်ဧရိယာအတွင်းရှိ စစ်ကောင်စီဂိတ်တစ်ခုကို ယနေ့(စက်တင်ဘာ ၁၄) မွန်းလွဲ ၂ နာရီခန့်က ပစ်ခတ်တိုက်ခိုက်ရာတွင် ဒုရဲအုပ်တစ်ဦးသေဆုံးသွားသည်ဟု ပြည်သူ့ကာကွယ်ရေးအဖွဲ့တစ်ခုက ပြောသည်။

ရန်ကုန်- မန္တလေးအမြန်လမ်း ၁၉၈ မိုင် နှင့် ၂ ဖာလုံ ကွာဝေးပြီး နေပြည်တော်သို့ ဝင်ရောက်ရာ လယ်ဝေးမြို့နယ်အတွင်းရှိ စစ်ဆေးရေးဂိတ်တစ်ခုဖြစ်သည့် ရှမ်းစုဂိတ်ကို ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း နေပြည်တော်ပြည်သူ့ကာကွယ်ရေးတပ်မတော်ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်ငွေစိုးက Myanmar Now ကို ပြောသည်။

“ကြိုတင်စီစဉ်ဆောင်ရွက်ထားတာတော့ မဟုတ်ဘူး။ တစ်ချက်ကို အနီးကပ်ပစ်ခတ်တာမှာ ဦးခေါင်းနေရာမျိုး ထိတယ်။ သူတို့ဘက်က ရုတ်တရက် ဖြစ်သွားတာပေါ့”ဟု ဗိုလ်ငွေစိုးက ဆိုသည်။

၎င်းတို့ဘက်မှ ထိခိုက်ဒဏ်ရာရမှုမရှိကြောင်း၊ ရှမ်းစုစစ်ဆေးရေးဂိတ်သည် ခရီးသွားပြည်သူများကို နိုင်ထက်စီးနင်းပြုမူလေ့ရှိ၍ တိုက်ခိုက်ရခြင်းဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

ထိုသို့ ဖြစ်ပွားပြီးနောက် ရှမ်းစုဂိတ်အနီးတွင် စစ်ကောင်စီက လုံခြုံရေးအင်အား တိုးချထားသည်ဟု လယ်ဝေးမြို့ခံတစ်ဦးက ပြောသည်။

“ပွိုင့်ကား ၇ စီးလောက်နဲ့ ရဲအင်အား အပြည့်ပဲ။ လက်နက်အပြည့်အစုံနဲ့။ အရင်က အဲ့ဒီလောက်မရှိဘူး” ဟု ၎င်းက ဆိုသည်။

နေပြည်တော်တွင် ဆင်နွှဲသည့် စစ်ဆင်ရေးသုံးကြိမ်ရှိပြီဖြစ်ပြီး ဩဂုတ် ၃၀ ရက် ပထမဆုံးအကြိမ်အဖြစ် ပျဉ်းမနားမြို့နယ်အတွင်း စစ်ယာဉ်တန်းတိုက်ခိုက်မှုတွင် စစ်သား ၁၁ ဦး သေဆုံးခဲ့သည်မှာ အအောင်မြင်ဆုံးဖြစ်သည်ဟု ပြည်သူ့ကာကွယ်ရေးတပ်မတော် (နေပြည်တော်) က ပြောသည်။

စက်တင်ဘာ ၁၀ ရက်က စစ်ကောင်စီ၏ သတင်းပေးတစ်ဦးဖြစ်သူ နေပြည်တော် ဥတ္တရသီရိမြို့နယ် မောင်ရမ်းကျေးရွာအုပ်စုနေ ဒေါ်ခင်မာဌေးကို လုပ်ကြံမှုမှာ ပြည်သူ့ကာကွယ်ရေးတပ်မတော် (နေပြည်တော်) ၏ ဒုတိယမြောက် စစ်ဆင်ရေးဖြစ်သည်။

အထက်ပါ စစ်ရေးလှုပ်ရှားမှုများကို အထူးဒေသလက်နက်ကိုင်တပ်ဖွဲ့၊ ဗိဿနိုးနယ်မြေ ပြည်သူ့ကာကွယ်ရေးတပ်တို့နှင့် ပူးပေါင်းလုပ်ဆောင်လေ့ရှိကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (နေပြည်တော်) ၏ ထုတ်ပြန်ချက်များကဆိုသည်။

နေပြည်တော်အတွင်း ဖြစ်ပွားသည့် အထက်ပါ ကိစ္စများနှင့် စပ်လျဉ်း၍ စစ်ကောင်စီ၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းထံ တယ်လီဖုန်းဖြင့် ဆက်သွယ်မေးမြန်းခဲ့သော်လည်း ပြန်လည်ဖြေကြားခြင်း မရှိပါ။

(လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့အကူအညီကို လိုအပ်နေပါတယ်။ ဒီနေရာကိုနှိပ်၍ လှူဒါန်းနိုင်ပါတယ်။)

Donate here > https://www.userroll.com/site/register/m1f6p

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button