အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

စစ်တပ်ဝင်သည့် မုံရွာတွင် ၁ ဦးသေ၊ ၂ ဦး ကျည်ထိပြီး ၆ ဦး အဖမ်းခံရ 

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နှင့် ချောင်းဦးမြို့အစပ်ရှိ ရွာများကို ယမန်နေ့ (စက်တင်ဘာ ၈) တွင် စစ်တပ်က ဝင်ရောက်စီးနင်းပစ်ခတ်ခဲ့သောကြောင့် ၁ ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာရသွားသည်ဟု ဒေသခံတစ်ဦးထံမှ သိရသည်။

မုံရွာမြို့ တောင်ဘက်အစွန်ဆုံးရှိ ကပ်လျက်ရွာများဖြစ်သည့် ပုရစ်ကုန်း(တောင်)၊ ကြေးမုံ၊ မုံရွေးတို့ကို ည ၈ နာရီခွဲဝန်းကျင်မှ ယနေ့ နံနက်အထိ စစ်ကောင်စီတပ်က ဝင်ပစ်စဉ် စုစုပေါင်း ၆ ဦး အဖမ်းခံရသည်ဟု ဆိုသည်။

၂ ဦး မှာ ပုရစ်ကုန်း(တောင်) ရွာမှ ဖြစ်ပြီး ကျန် ၄ ဦးမှာ မုံရွေးမှဖြစ်ကြောင်း၊ မုံရွေးရွာသားတစ်ဦးမှာ ပေါင်တွင် ကျည်ထိမှန်ထားကြောင်း သိရသည်။

ပုရစ်ကုန်း(တောင်)၊ ကြေးမုံတို့ကို ဝင်ရောက်စီးနင်း ပစ်ခတ်ခဲ့သည့် စစ်ကောင်စီတပ်က ည ၈ နာရီခွဲခန့်တွင် မုံရွေးကို တိုက်ခိုက်ခဲ့သည်ဟု အထက်ပါ ရွာသားက ပြောသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

မုံရွေးကို ဝင်ပစ်ရာတွင် မုံရွာမှ ကား ၁၁ စီး၊ ရွာတောင်ဘက် ချောင်းဦးမြို့မှ ကား ၃ စီးဖြင့် နှစ်ဖက်ညှပ်၍ ဝိုင်းတိုက်ခြင်းဖြစ်သည်ဟု ဆိုသည်။

ည ၁၂ နာရီခန့်တွင် စစ်ကားများ ပြန်ထွက်သွားပြီးနောက် မုံရွေးရွာသားအချို့က ရွာအတွင်း သွားရောက်ကြည့်ရှုစဉ် ရွာအရှေ့ဘက် ရေကန်ပေါင်အနီး ပုန်းခိုနေသူတို့က ပစ်ခတ်စဉ် ၄၇ နှစ်အရွယ် ကိုမြင့်ဌေး ဆီးခုံတွင် ကျည်ထိသွားသည်။ 

“ဝင်တဲ့လူမှန်သမျှကို အကုန်ပစ်တာ။ စတင်းဂန်းနဲ့ ဆွဲတာ။ သူ့ကို ပြန်ပွေ့မထုတ်နိုင်ဘူး။ ကျွန်တော်တို့မှာ ခုခံပစ်စရာ ဘာမှမရှိဘူး။ အပစ်ခံရတော့ ပြေးရတာ။ ရသလောက်တော့ ဆွဲခဲ့ပါတယ်။ ကျသွားတဲ့သူကိုက ဒီတိုင်းထားရတာ။ ဒီမနက်မှ ရသလောက်တော့ ကယ်ပါသေးတယ်။ ကျွန်တော်တို့ မလုပ်နိုင်ခဲ့ဘူး”ဟု ၎င်းက ဆိုသည်။

“ရွာတောင်ဘက်ကနေ စစ်ကားတွေရောက်လာတော့ ရွာသူရွာသားတွေက မီးပိတ်နေကြတာ။ နောက် မုံရွာဘက်ကလာတဲ့ ကားက ရောက်တာနဲ့ ချက်ချင်းပစ်တာ။ ပြီးတော့ ရွာထဲကို ဝင်သွားသေးတယ်ဗျ။ ကျွန်တော်တို့ရွာကလူတွေ ပုန်းနေတဲ့နေရာကို တွေ့သွားပြီး ပစ်တော့ တစ်ယောက်ဆုံးရှုံးတယ်ဗျ။ ဒီနေ့ မနက်ပဲ ဆုံးသွားတယ်” 

ကိုမြင့်ဌေးကို စစ်တပ်ထွက်သွားသည့် မနက် ၆ နာရီခန့်မှသာ သွားခေါ်ယူခဲ့စဉ် သေဆုံးသွားခြင်းဖြစ်သည်ဟု အထက်ပါ ရွာခံအမျိုးသားက ဆက်ပြောသည်။ 

မုံရွေးရွာကို စစ်တပ်က ပစ်ခတ်တိုက်ခိုက်ခြင်းသည် ဒလန်များက ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်များ (PDF) ရှိသည်ဟု သတင်းမှားပေးထားခြင်းကြောင့် ဖြစ်နိုင်သည်ဟု ချောင်းဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ခေါင်းဆောင်က ဆိုသည်။ 

စစ်ကောင်စီက ထိုရွာများကို ဝင်ပစ်ခြင်းနှင့် ပတ်သက်ပြီး သတင်းထုတ်ပြန်ခြင်း မရှိသေးပေ။

အဆိုပါ ရွာ ၃ ရွာ ပေါင်းလျှင် လူ ၄၀၀၀ ခန့်ဝန်းကျင် ရှိနိုင်ကြောင်း၊ ရွာအတွင်း ပြန်ဝင်ရန် စိုးရိမ်နေကြသောကြောင့် အများစုမှာ နီးစပ်ရာ ရှောင်တိမ်းနေရဆဲဖြစ်ကြောင်း သိရသည်။ 

(လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့အကူအညီကို လိုအပ်နေပါတယ်။ ဒီနေရာကိုနှိပ်၍ လှူဒါန်းနိုင်ပါတယ်။)

Donate here > https://www.userroll.com/site/register/m1f6pe

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles