အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

မန္တလေး မဟာအောင်မြေမှ ရပ်ကွက်အုပ်ချုပ်ရေးမှူး ပစ်သတ်ခံရ

မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ အုတ်ကျင်းရပ်ကွက်၏ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ယနေ့ (စက်တင်ဘာ ၈) ညနေတွင် သေနတ်ဖြင့် ပစ်သတ်ခံရသည်။

အသက် ၄၀ ကျော်အရွယ် အုပ်ချုပ်ရေးမှူး ဦးပေါက်စီသည် နေအိမ်တွင် ရှိနေစဉ် သေနတ်သမားတစ်စုက လာရောက်ပြီး ခန္ဓာကိုယ်အနှံ့ သေနတ်ဖြင့် ၆ ချက် ပစ်ခတ်သွားသည်ဟု ရပ်ကွက်အတွင်း နေထိုင်သူများက မျက်မြင်သက်သေများကို ကိုးကား၍ ပြောသည်။

“သေနတ်သံတွေ ကြားလိုက်ရတယ်။ ပြီးတော့ သူ အသတ်ခံရတာ ဖြစ်နေတယ်။ ဘယ်သူတွေ လုပ်သွားတယ် မသိရပါဘူး။ အလောင်းကိုတော့ နာမှုကူရေးအသင်းက လာသယ်သွားတယ်”ဟု လုံခြုံရေးအရ အမည်မဖော်လိုသူ ရပ်ကွက်သားတစ်ဦးက ပြောသည်။

“သူ (ဦးပေါက်စီ) သတင်းပေးလို့ တလောက လူငယ် ၄ ဦး အဖမ်းခံရတယ်။ ဒီလူက ဒလန်”  

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

ယခင်က ရပ်ကွက်ရုံးအဖွဲ့ဝင် ဦးပေါက်စီသည် မတ်လတွင် စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး ဖြစ်လာပြီး ပိတ်ထားသော ရပ်ကွက်ရုံးကို ပြန်ဖွင့်ရန် ကြိုးစားသော်လည်း ရပ်ကွက်သူ၊ ရပ်ကွက်သားများ၏ ကန့်ကွက်မှုကြောင့် မအောင်မြင်ခဲ့ကြောင်း ထိုအမျိုးသားက ဆိုသည်။

အဆိုပါအုပ်ချုပ်ရေးမှူး အသတ်ခံရပြီးနောက် ရပ်ကွက်အတွင်း စစ်ကောင်စီတပ်သားများ လှည့်လည်ကာ ခြေရှုပ်နေသည်ဟု ဒေသခံများက ပြောသည်။

ပြီးခဲ့သည့် ဩဂုတ် ၁၈ ကလည်း ချမ်းအေးသာစံမြို့နယ်၊ ရွှေလှံရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ဦး ရပ်ကွက်ရုံးထဲတွင် ရှိနေစဉ် သေနတ်နှင့် ဝင်ပစ်ခံရပြီး သေဆုံးခဲ့သည်။

ယင်းအပြင် ဇူလိုင် ၁၄ ကလည်း မြစ်ငယ်မြို့တွင် အမျိုးသမီးအုပ်ချုပ်ရေးမှူးတစ်ဦး၊ ဇူလိုင်၂၇ တွင် အောင်မြေသာစံမြို့နယ်၊ မင်းတဲအီကင်းရပ်ကွက်အုပ်ချုပ်ရေးမှူး ပစ်သတ်ခံရသည်။

ယမန်နေ့က မန္တလေးတွင် ပြည်ကြီးတံခွန်မြို့နယ်၊ သင်ပန်းကုန်းရပ်ကွက်ရှိ စစ်ကောင်စီရဲကင်းတစ်ခု ဗုံးပစ်ခံရပြီး ၂ ဦး ဒဏ်ရာရကာ မန္တလေးတောင်ခြေရှိ တပ်ရင်းတစ်ခု ဗုံးပစ်ခံရပြီး ၂ ဦး သေဆုံးခဲ့သည်။ 

စစ်ကောင်စီတပ်က ငြိမ်းချမ်းစွာဆန္ဒပြသည့် ပြည်သူများကို အကြမ်းဖက်ခြင်း၊ ဆေးမင်ကြောင်ထိုးထားသည့် အရေပြားကို မီးရှို့ခြင်း၊ ပစ်ခတ်သတ်ဖြတ်ခြင်းတို့ ဖြစ်ပေါ်လာပြီးနောက်တွင် ပြည်သူအများအပြားက ရရာလက်နက်ရှာဖွေပြီး ခုခံစစ် ဆင်နေကြသည်။

စစ်ကောင်စီတပ်ကို သတင်းပေးသူ၊ ကူညီသူ၊ ပူးပေါင်းဆောင်ရွက်သူများကို လုပ်ကြံသတ်ဖြတ်သူများလည်း ပေါ်ပေါက်လာသည်။ 

(လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့အကူအညီကို လိုအပ်နေပါတယ်။ ဒီနေရာကိုနှိပ်၍ လှူဒါန်းနိုင်ပါတယ်။)

Donate here > https://www.userroll.com/site/register/m1f6pe

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button