အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

မန်းဝန်ကြီးချုပ်ကို ရတနာပုံ ကျောင်းသားများ စောင့်ကြည့်နေသည်ဟုဆို

ကျောင်းလုံခြုံရေးနှင့် သန့်ရှင်းရေးအတွက် တောင်းဆိုဆန္ဒပြသူ ရတနာပုံတက္ကသိုလ်ကျောင်းသားတို့ကို ဇန်နဝါရီ ၃ဝ ရက်နေ့က အမရပူရမြို့နယ်တရားရုံးတွင် ဆက်လက်စစ်ဆေးရာ တရားရုံးသို့ လာရောက်ကြသည့် ကျောင်းသားများသည် ယခင်ကကဲ့သို့ ကြွေးကြော်အော်ဟစ်ခြင်း၊ ဆိုင်းဘုတ်ကိုင်ဆောင်ခြင်း၊ ဆန္ဒပြခြင်းများမပြုလုပ်ကြပေ။ 

ကျောင်းသားများ၏ လှုပ်ရှားမှုအပြောင်းအလဲသည် မန္တလေးတိုင်းဒေသကြီးအစိုးရ ဝန်ကြီးချုပ်နှင့်လည်း သက်ဆိုင်နေသည်ဟု ပခုက္ကူတက္ကသိုလ်ကျောင်းသားများသမဂ္ဂဥက္ကဋ္ဌ ကိုသက်မောင်မောင်အပါအဝင် ကျောင်းသားအများအပြားက  ပြောသည်။

“၂၄ရက်နေ့က ဝန်ကြီးချုပ်နဲ့ ကျွန်တော်တို့တွေ့ဆုံတော့ ကျောင်းသားတွေကို စွဲထားတဲ့အမှုတွေကို ဖြေလျှော့ပေးမယ်လို့ ကတိကဝတ်ပေးတယ်။ နောက်ရုံးချိန်းတွေမှာ ဆန္ဒပြမှုတွေမလုပ်ကြဖို့ မေတ္တာရပ်ခံတဲ့အတွက် ကျွန်တော်တို့ ဒီနေ့အေးချမ်းစွာ ဝန်းရံတယ်။ ဒါပေမဲ့ ထူးခြားလာမှု မရှိတဲ့အတွက် ကျွန်တော်တို့ဆက်လက်ပြီး ကျောင်းသားထုအခွင့်အရေးအတွက် လုပ်သင့်လုပ်ထိုက်တာ လုပ်ဆောင်သွားပါမယ်” ဟု ကိုသက်မောင်မောင်က ပြောသည်။

မိတ္ထီလာတက္ကသိုလ်ကျောင်းသားများသမဂ္ဂမှ ကိုမင်းထက်မြက်ကလည်း ဆန္ဒပြရေး မပြရေး ဆုံးဖြတ်ရန် လာမည့် ရုံးချိန်းအထိ စောင့်ကြည့်မည်ဟု ဆိုသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

“ကျောင်းသားတွေကို စွဲထားတဲ့ပုဒ်မတွေဟာ မျှတမှုမရှိဘူး ဝန်ကြီးချုပ်အနေနဲ့ဆောင်ရွက်ပေးပါလို့ ကျွန်တော်တို့ပြောတော့ သူ့အနေနဲ့ အကောင်းဆုံးဖြေလျှော့ပေးပါ့မယ် ပြောတယ်။ လာမယ့်ရုံးချိန်းတွေမှာ ဆန္ဒမပြဖို့ မေတ္တာရပ်ခံတယ်၊ ဒါပေမဲ့ အခုကျွန်တော်တို့လာတဲ့အခါ သူဆောင်ရွက်ပေးခြင်းမရှိတာကို တွေ့ရတယ်။ ဒါ့ကြောင့် လာမယ့်ရုံးချိန်းထိ ဖြေလျှော့ပေးခြင်းမရှိရင် ကျွန်တော်တို့ ကျောင်းသားထုအခွင့်အရေးအတွက် ဆက်လက်လုပ်ဆောင်သွားမယ်”ဟု ၎င်းက ဆိုသည်။

ယနေ့ အမရပူရမြို့နယ် တရားရုံး ကြားနာစစ်ဆေးမှုအတွင်း တရားလိုပြ သက်သေတချို့ ထွက်ချက်ပေးခဲ့ကြသည်။

ထွက်ချက်ပေးသည့် သုံးဦးမှာ ရတနာပုံတက္ကသိုလ် စီမံဌာနမှူး ဒေါ်ကြည်ကြည်မွန်၊ ရတနာပုံတက္ကသိုလ် အင်ဂျင်နီယာမှူး ဦးစန်းမောင်၊ အမရပူရမြို့နယ် အုပ်ချုပ်ရေးမှူးရုံးမှ ဒုဦးစီးမှူး ဦးကျော်ဝင်းထွဋ်တို့ ဖြစ်သည်။

ဖမ်းဆီး တရားစွဲဆိုခံထားရသူ ၇ ဦးတွင် ပါဝင်သော ရတနာပုံတက္ကသိုလ် ကျောင်းသား သမဂ္ဂမှ ဒုဥက္ကဋ္ဌ ကိုရဲမင်းထွန်းက လိုပြသက်သေတို့၏ ထွက်ချက်မှာ လက်ခံနိုင်စရာ မရှိဟု ပြောသည်။

“ကျောင်းတွင်း စီမံခန့်ခွဲမှုပိုင်းဆိုင်ရာမှာ ကျွန်တော်တို့က ကျောင်းတွင်းမှာရှိတဲ့ လိုအပ်ချက်တွေကို သုံးဖို့ တောင်းဆိုခဲ့တာ။ ဒါပေမဲ့ ရုံးမှာ ထွက်ဆိုတော့ ကျွန်တော်တို့က ကျွန်တော်တို့ ကိုယ်ကျိုးအတွက် သုံးဖို့ တောင်းဆိုတယ်ဆိုပြီး ထွက်ဆိုတယ်” ဟု ၎င်းက ပြောသည်။

ကျောင်းလုံခြုံရေး သန့်ရှင်းရေး စဉ်ဆက်မပြတ်တောင်းဆိုခဲ့ကြသည့်ရတနာပုံ တက္ကသိုလ်ကျောင်းသားများ သမဂ္ဂ (ဗကသ) မှ ကိုကျော်သီဟရဲကျော်၊ ကိုရဲမင်းထွန်း ၊ ကိုရဲမျိုးဆွေ တို့အား ၂၀၁၈ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့က လည်းကောင်း ၊ ကိုဘုန်းမြင့်ကျော်ပါ (၄) ဦးအား ၂၀၁၉ ခုနှစ် ဇန်နဝါရီလ ၂ ရက်နေ့က လည်းကောင်း ဖမ်းဆီးထားခြင်းဖြစ်သည်။

၎င်းတို့အား ပုဒ်မ ၅၀၅(ခ)၊ ၄၃၅၊ ၁၉ တို့နှင့် စွဲဆိုထားသော အမှုကို    ဖေဖော်ဝါရီ ၄ တွင် ပြန်လည် စစ်ဆေးမည် ဖြစ်သည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button