အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

မန္တလေးတွင် စစ်သားများပစ်ခတ်မှုကြောင့် အရပ်သားတစ်ဦး သေဆုံး

ယနေ့ (ဩဂုတ် ၃၀) ညနေပိုင်း မန္တလေး၊ ချမ်းမြသာစည်မြို့နယ် ဦးပွားခုံးကျော်တံတားအနီး ရှိနေသည့် စစ်သားများက ပစ်ခတ်ခဲ့သောကြောင့် အသက် ၅၀ အရွယ် အမျိုးသားတစ်ဦး သေဆုံးသွားကြောင်း ဖြစ်စဉ်အနီးတွင် ရှိနေခဲ့သူ အမျိုးသမီးတစ်ဦးက ပြောသည်။

ဗုံးပစ်သွားသည့် ဆိုင်ကယ်သမား နှစ်ဦးကို စစ်သားများက ပစ်ခတ်ရာမှ ထိုအမှုဖြစ်ပွားသည်ဟု ကြားသိရကြောင်း ဒေါ်ဦးက ပြောသည်။

“အစက ဘာလို့ သေနတ်ပစ်လဲ မသိရဘူး။ နောက်တော့မှ သူတို့ (စစ်တပ်) တပ်စွဲထားတဲ့နေရာကို ဗုံးလာပစ်တဲ့သူကို လိုက်ပစ်တာလို့ သိရတယ်။ သူတို့ပစ်တာက တံတားအောက်မှာ သုံးဘီးဆိုက်တွဲမောင်းတဲ့ ဦးလေးကြီးကို ထိသွားတယ်၊ လေးချက်လောက်ပစ်တာ ကြားရတယ်၊ ဗုံးကတော့ ပေါက်သံမကြားဘူး။ သေနတ်မှန်တဲ့ဦးလေးကို လူနာတင်ကားနဲ့ ဆေးရုံပို့ပေမဲ့ ဆုံးသွားတယ်၊ အခုတော့ သူ့အိမ်ကို (အလောင်း)ပြန်ရောက်နေပြီ” ဟု ဒေါ်ဦးက ဆိုသည်။

 သုံးဘီးဆိုင်ကယ်မောင်းသူ ဦးနေဝင်းသည် ဦးပွားခုံးကျော်၏ တောင်ဘက်ကပ်လျက်တွင်ရှိသည့် တောင်ရွာသစ်ရပ်၊ အကွက် ၈၅၃ ရပ်ကွက်တွင် နေထိုင်ပြီး ၎င်းတွင် ဇနီးနှင့် သားသမီး ရှစ်ဦးခန့် ရှိကြောင်း သိရသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

ဗုံးပစ်သည်ဟူသော ဆိုင်ကယ်သမား ၂ ဦး လွတ်သွားကြောင်း၊ ပစ်ခတ်မှုဖြစ်ပြီးချိန် တံတားအတက်အဆင်းနှစ်ဖက်ကို ပိတ်ဆို့ကာ စစ်ဆေးကြကြောင်း ခုံးကျော်တံတားအနီးနေထိုင်သူများက ပြောသည်။

မန္တလေးမြို့တွင် စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှု အားကောင်းပြီး စစ်တပ်သတင်းပေးဟု ယူဆရသူများ၊ အုပ်ချုပ်ရေးမှူးများ မကြာခဏ တိုက်ခိုက်ခံနေရသည်။ 

ဩဂုတ် ၂၉ တွင် ​​ပြည်ကြီးတံခွန်မြို့နယ် ၆၂ လမ်း၊ ၁၁၂ လမ်းနှင့် ၁၁၃ လမ်းကြားရှိ သစ်တောရုံးအနီး ကင်းလှည့်ရန် ပြင်ဆင်နေသည့် စစ်ကောင်စီယာဉ်တန်း ဗုံးထောင်ခံရပြီး ပေါက်ကွဲမှုဖြစ်ခဲ့သည်။

ဩဂုတ် ၁၉ ကလည်း ညနေပိုင်း၌ ချမ်းမြသာစည်မြို့နယ်၊ မြရည်နန္ဒာရပ်ကွက်ရှိ လူအများအပြား ဧည့်စာရင်းတိုင်နေချိန် ဗုံးပေါက်ကွဲမှုဖြစ်ပွားရာ ၅ ဦး ဒဏ်ရာရသွားသည်။

(လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့အကူအညီကို လိုအပ်နေပါတယ်။ ဒီနေရာကိုနှိပ်၍ လှူဒါန်းနိုင်ပါတယ်။)

Donate here > https://www.userroll.com/site/register/m1f6pe

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button