တိုင်းပြည်ဟာ ဒီမိုကရေစီလမ်းပေါ် ပြန်ရောက်ပြီ လို့ စစ်ခေါင်းဆောင် ဦးမင်းအောင်လှိုင်က သမ္မတအဖြစ် ကျမ်းသစ္စာဆိုချိန်မှာ ကြွေးကြော်ခဲ့ပါတယ်။
ဒါပေမဲ့ လက်တွေ့ မြေပြင်မှာတော့ ပြည်သူတွေဟာ ညဘက် ကိုယ့်အိမ်မှာကိုယ် အိပ်ဖို့တောင် စိတ်မအေးရတဲ့အထိ လွတ်လပ်ခွင့်တွေ ဆိတ်သုဉ်းနေဆဲပါ။
အရပ်သားအသွင်ပြောင်း အစိုးရရဲ့ ရက်ပေါင်း ၁၀၀ စီမံကိန်းအောက်မှာ ပြည်သူတွေ ဘာတွေ ရင်ဆိုင်နေရလဲ ဒီနေ့ ဆန်းစစ်ကြည့်ကြရအောင်ပါ။
ဒီမိုကရေစီရဲ့ အသက်ဟာ ပြည်သူတွေရဲ့ အခြေခံရပိုင်ခွင့်နဲ့ လွတ်လပ်ခွင့်တွေပဲ ဖြစ်ပါတယ်။
ဒါပေမဲ့ လက်တွေ့မှာတော့ “အပြင်သွားရတာရော၊ ညဘက် ကိုယ့်အိမ်မှာကိုယ် အိပ်ရတာမှာရော တကယ်ပဲ စိတ်အေးရရဲ့လား”
တင်ဆက်-သဇင်လှိုင် ၊ ရိုက်ကူး-မြတ်ကြီး
Myanmar Now ဆက်လက်ရပ်တည်နိုင်ရေးအတွက် လစဥ်ငွေအနည်းငယ်ဖြင့် https://myanmar-now.org/mm/members/ တွင် ကူညီနိုင်ပါသည်။



