အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ရုပ်သံရုပ်သံသတင်း

စက်သုံးဆီနဲ့ မြေသြဇာဈေးတက်၊ စပါးဈေးကျ – ရခိုင်လယ်သမားတွေရဲ့ အခက်အခဲ

ရခိုင်ပြည်နယ်က တောင်သူလယ်သမားတွေဟာ မိုးစပါးစိုက်ပျိုးရာသီကို ရောက်ရှိလာပေမယ့် စစ်အာဏာသိမ်းမှု နောက်ဆက်တွဲ အကျပ်အတည်းတွေအောက်မှာ လယ်ယာလုပ်ငန်းကို အရင်လို လုပ်ကိုင်ဖို့ ပိုမိုခက်ခဲလာနေပါတယ်။ စက်သုံးဆီ၊ မြေသြဇာနဲ့ အခြားသွင်းအားစုကုန်ကျစရိတ်တွေ မြင့်တက်နေချိန်မှာ စပါးဈေးနှုန်းကတော့ ကျဆင်းနေတဲ့အတွက် စိုက်လေလေ အရှုံးပေါ်လေလို့ လယ်သမားတွေက ပြောပါတယ်။

ကုန်သွယ်ရေးနဲ့ သယ်ယူပို့ဆောင်ရေး အခက်အခဲတွေကြောင့် စပါးတွေကို ပြည်မဘက် မတင်ပို့နိုင်တော့ဘဲ ဒေသတွင်းမှာသာ ရောင်းချနေရတာကလည်း ဈေးကွက်ကျဆင်းရတဲ့ အဓိကအကြောင်းရင်းတစ်ခု ဖြစ်နေပါတယ်။ ဒီလိုအခြေအနေတွေကြောင့် လယ်သမားတချို့ဟာ စိုက်ပျိုးဧက လျှော့ချလာရတဲ့အထိ ဖြစ်နေပါတယ်။

လယ်ယာလုပ်ငန်း ကျဆင်းလာတာဟာ လယ်သမားတွေရဲ့ ဝင်ငွေကိုသာ မဟုတ်ဘဲ ရေရှည်မှာ ပြည်တွင်း စားနပ်ရိက္ခာလုံခြုံရေးအပေါ်ပါ သက်ရောက်လာနိုင်တယ်ဆိုတဲ့ သုံးသပ်ချက်တွေလည်း ရှိနေပါတယ်။ 

ညီထွေး/ Myanmar Now

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

Myanmar Now ဆက်လက်ရပ်တည်နိုင်ရေးအတွက် လစဥ်ငွေအနည်းငယ်ဖြင့် https://myanmar-now.org/mm/members/ တွင် ကူညီနိုင်ပါသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles