၂၀၀၉ ခုနှစ်ကတည်းက အစိုးရကျန်းမာရေးဝန်ထမ်းအဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့ ဒေါက်တာမျိုးမင်းဦးဟာ ၂၀၂၁ ခုနှစ် အာဏာသိမ်းမှုအပြီးမှာတော့ အစိုးရဝန်ထမ်းဘဝကို စွန့်လွှတ်ပြီး CDM လမ်းကြောင်းကို ရွေးချယ်ခဲ့ပါတယ်။ နှစ်ပေါင်းများစွာ တည်ဆောက်လာခဲ့တဲ့ ဘဝကို ချန်ထားခဲ့ရပေမယ့် ပြည်သူတွေကို ကျန်းမာရေးဝန်ဆောင်မှုပေးရမယ်ဆိုတဲ့ ရည်ရွယ်ချက်ကိုတော့ မစွန့်လွှတ်ခဲ့ပါဘူး။
လက်ရှိမှာတော့ ကရင်နီဒေသမှာ ကျန်းမာရေးဝန်ဆောင်မှုပေးနေတဲ့ ဒေါက်တာမျိုးမင်းဦးဟာ ဆေးဝါးလိုအပ်ချက်၊ လုံခြုံရေးအန္တရာယ်နဲ့ လေကြောင်းတိုက်ခိုက်မှု အန္တရာယ်တွေကြားကပဲ လူနာတွေကို ဆက်လက်ကုသပေးနေပါတယ်။ လေယာဉ်သံကြားတိုင်း စိုးရိမ်ရတဲ့ အခြေအနေမှာတောင် ကျန်းမာရေးဝန်ထမ်းတစ်ယောက်အနေနဲ့ တာဝန်ကို ဆက်လက်ထမ်းဆောင်နေဆဲလို့ ဆိုပါတယ်။
နေပြည်တော်ကောင်စီ၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနရဲ့ ခုခံကျ/ကာလသားရောဂါတိုက်ဖျက်ရေးအဖွဲ့ရဲ့ ခေါင်းဆောင်ဆရာဝန်အဖြစ် အာဏာမသိမ်းခင်က တာဝန်ထမ်းဆောင်ခဲ့သူပါ။
ဒီရုပ်သံမှာတော့ CDM လုပ်ဖို့ ဆုံးဖြတ်ခဲ့ရတဲ့ အကြောင်းရင်း၊ မိသားစုနဲ့ ဝေးကွာပြီး ဖြတ်သန်းနေရတဲ့ ဘဝ၊ လက်ရှိ ကြုံတွေ့နေရတဲ့ အခက်အခဲတွေနဲ့ အနာဂတ်ကျန်းမာရေးစနစ်နဲ့ပတ်သက်ပြီး သူ့ရဲ့ မျှော်လင့်ချက်တွေကို ဒေါက်တာမျိုးမင်းဦးရဲ့ ကိုယ်ပိုင်အတွေ့အကြုံတွေနဲ့အတူ တင်ဆက်ထားပါတယ်။
ရိုက်ကူး၊ တင်ဆက် – မြတ်မိုးသူ
Myanmar Now ဆက်လက်ရပ်တည်နိုင်ရေးအတွက် လစဥ်ငွေအနည်းငယ်ဖြင့် https://myanmar-now.org/mm/members/ တွင် ကူညီနိုင်ပါသည်။



