အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

CDM ဝင်လျှင် ထိုက်တန်သည့် ဆုကြေးပေးမည်ဟု ကရင်နီ PDF အချို့ ကမ်းလှမ်း

စစ်ကောင်စီ၏ စစ်သားများ လက်နက်အပြည့်အစုံဖြင့် လာရောက်ပူးပေါင်းကာ အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM)တွင် ပါဝင်မည်ဆိုလျှင် ကျပ်သိန်းဆယ်နှင့်ချီကာ ဆုကြေးငွေချီးမြှင့်မည်ဟု ကရင်နီပြည်သူ့ကာကွယ်ရေးအဖွဲ့အချို့က ကမ်းလှမ်းလိုက်သည်။

ကယားပြည်နယ်အခြေစိုက် Karenni Generation Z Army (K. G. Z. Army) က တစ်ဦးလျှင် ငွေကျပ် သိန်း ၃၀ နှင့် ဆိုင်ကယ်တစ်စီးချီးမြှင့်မည်ဟု ဩဂုတ် ၁၈ ရက်တွင် ကြေညာထားသည်။

“(ဆုကြေးငွေ) ပေးနိုင်ပါတယ်။ ပေးဖို့အစီအစဉ်ကို မဖြစ်ဖြစ်အောင်လုပ်နေတဲ့အတွက်ကြောင့် ကျွန်တော်တို့ လုပ်နိုင်တဲ့အနေအထားရောက်တဲ့အခါမှာ အွန်လိုင်းပေါ်တင်တယ်၊ ဖိတ်ခေါ်မှုတွေရှိတယ်။ ပြီးရင် သူတို့လုံခြုံရေးလား၊ စားရေးသောက်ရေးလား၊ တာဝန်ယူဖို့လည်း စီစဉ်ထားပြီးပြီ” ဟု K. G. Z. Army တာဝန်ရှိသူတစ်ဦးက ပြောသည်။

သို့သော် လက်နက်အပြည့်အစုံယူလာမှသာ လက်ခံမည်ဖြစ်ပြီး အနိမ့်ဆုံးအားဖြင့် မြန်မာစစ်တပ်သုံး M16 မောင်းပြန်ရိုင်ဖယ်တစ်လက်နှင့် ကျည်တောင့်များပါဝင်ရမည်ဟု သတ်မှတ်ထားကြောင်း ၎င်းက ဆက်ပြောသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

အလားတူပင် ရှမ်းပြည်နယ်တောင်ပိုင်း မိုးဗြဲအခြေစိုက် Mobye People Defense Force (MBPDF) ကလည်း CDM စစ်သားတစ်ဦးလျှင် ကျပ် ၁၅ သိန်းချီးမြှင့်မည်ဟု ယမန်နေ့ (ဩဂုတ် ၂၃) က ထုတ်ပြန်ထားသလို ကရင်နီအမျိုးသားများပြည်သူ့ကာကွယ်ရေးတပ် (KNDF) ကလည်း ဆုတော်ငွေ ချီးမြှင့်မည်ဟု MBPDF မတိုင်မီ သုံးရက်ကပင် ကြေညာထားသည်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့် ချိတ်ဆက်ဆောင်ရွက်ကာ ပြည်သူနှင့် လာရောက်ပူးပေါင်းသည့် CDM တပ်မတော်သားများ၏ လုံခြုံရေးကိုလည်း အပြည့်အဝတာဝန်ယူပေးမည်ဟု အဆိုပါအဖွဲ့များက ကတိပေးထားသည်။

“အဓိက အရေးကြီးဆုံးက အကြမ်းဖက်စစ်တပ်ကနေ စွန့်ခွာချင်တဲ့ တပ်မတော်သားတွေ အများကြီးရှိတယ်ဆိုတာ သိရတယ်ဗျ။ ဒါပေမယ့် သူတို့မှာ တပ်ထဲက ထွက်လာမယ်ဆိုရင် ဘယ်ကိုသွားမလဲ။ သူတို့ရဲ့လုံခြုံရေး ဘယ်လိုလုပ်မလဲ။ နောက်တစ်ခုက သူတို့ရဲ့ စားဝတ်နေရေး အကြောင်းအမျိုးမျိုးကြောင့် သူတို့မှာ ဒီအခက်အခဲတွေ ဖြစ်နေတဲ့အတွက်ကြောင့် ကျွန်တော်တို့က လမ်းဖွင့်ပေးလိုက်တဲ့သဘောပါ” ဟု MBPDF ပြန်ကြားရေးအဖွဲ့ တာဝန်ရှိသူက ပြောသည်။

ဒေသကာကွယ်ရေးအဖွဲ့(PDF)များ၏ ထိုသို့ ကမ်းလှမ်းမှုမှာ လက်တွေ့ကျကြောင်း CDM ဗိုလ်ကြီးထွန်းမြတ်အောင်က သုံးသပ်သည်။

စစ်ကောင်စီဘက်မှ ထုတ်ပေးထားသည့် စစ်သားတစ်ဦး၏ လက်နက်ခဲယမ်းတန်ဖိုးမှာ အနိမ့်ဆုံး ကျပ် ၁၀ သိန်းခန့်မှ အမြင့်ဆုံး ၁၅ သိန်းဝန်းကျင်သာရှိသော်လည်း မှောင်ခိုလမ်းကြောင်းမှတစ်ဆင့် PDF များ ဝယ်ယူလျှင် ပျမ်းမျှ ကျပ်သိန်း ၅၀ ခန့်တန်ကြေးအထိ ပေးနေရကြောင်း ၎င်းက ပြောသည်။

သာမန်စစ်သည်တစ်ဦးတွင် လက်နက်ငယ်(ရိုင်ဖယ်) တစ်လက်၊ ပွိုင့် 5.56 ကျည်တောင့် ၂၄၀ နှင့် လက်ပစ်ဗုံးတစ်လုံး၊ နင်းမိုင်းတစ်လုံးရှိကြောင်း၊ MA 2 ချေမှုန်းရေးရိုင်ဖယ် (စက်ကလေး) ကိုင်ဆောင်ရသည့် စစ်သားဆိုလျှင် ၎င်းနှင့်အတူ ပွိုင့် 5.56 ကျည်တောင့် ၄၀၀ ကျော်ပါဝင်ကြောင်း၊  Machine Gun (စက်လတ်) သုံးသူဆိုပါက ပွိုင့် 7.62 ကျည်တောင့် ၁၅၀၀ ထိ တစ်ပါတည်း သယ်ဆောင်ထားနိုင်ကြောင်း ဗိုလ်ကြီးထွန်းမြတ်အောင်က ဆိုသည်။

ကရင်နီပြည်သူ့ကာကွယ်ရေးအဖွဲ့များကဲ့သို့ပင် ချင်းဒေသကာကွယ်ရေးတပ်ဖွဲ့ (CDF) ကလည်း ဩဂုတ် ၁၀ ရက်နေ့က ကြေညာထားသည်။ လက်နက်အပြည့်အစုံဖြင့် CDM ဝင်မည့် စစ်သားတစ်ဦးလျှင် ကျပ်သိန်း ၅၀ ပေးမည်ဟု CDF ကဆိုထားသည်။

ဖေဖော်ဝါရီ ၁မှစ၍ အာဏာသိမ်းပြီး ခြောက်လကျော်အတွင်း CDM စစ်သား ၁၅၀၀ ခန့်ရှိနေပြီဖြစ်ကြောင်း၊ တပ်သားအဆင့်မှ ဗိုလ်မှူးအဆင့်ထိပါဝင်ကြောင်း တပ်ကို စွန့်ခွာလိုသူများကို အကူအညီပေးနေသည့် ဗိုလ်ကြီးလင်းထက်အောင်က ဩဂုတ် ၁၇ တွင် Myanmar Now ကို ပြောကြားထားသည်။

(လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့အကူအညီကို လိုအပ်နေပါတယ်။ ဒီနေရာကိုနှိပ်၍ လှူဒါန်းနိုင်ပါတယ်။)

Donate here > https://www.userroll.com/site/register/m1f6pen

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button