အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ရုပ်သံရုပ်သံသတင်း

တရုတ်တွေ ဦးစီးတဲ့ ကျားဖြန့်လုပ်ငန်းတွေ သီရိလင်္ကာမှာ အလုံးအရင်းနဲ့ ပေါ်ပေါက်နေ

အွန်လိုင်း လိမ်လည်မှုဖြစ်တဲ့ ကျားဖြန့်လုပ်ငန်းတွေကို အရှေ့တောင်အာရှနိုင်ငံတွေက အပြင်းအထန် နှိမ်နင်းနေတာကြောင့် ဒီလုပ်ငန်းတွေဟာ တစ်နိုင်ငံကနေ တစ်နိုင်ငံကို ရွှေ့ပြောင်းနေကြရာမှာ အခုဆိုရင် သီရိလင်္ကာနိုင်ငံဟာ ဒီလုပ်ငန်းတွေရဲ့ အချက်အချာနေရာအသစ် ဖြစ်လာနေပြီလို့ ကျွမ်းကျင်သူတွေက သတိပေးလိုက်ပါတယ်။

တရုတ်လူမျိုးတွေ ဦးစီးနေတဲ့ ရာဇဝတ်ဂိုဏ်းတွေ သီရိလင်္ကာမှာ “စိုးရိမ်စရာကောင်းလောက်အောင်” မြင့်တက်လာရတဲ့ အကြောင်းရင်းကတော့ ဒီနိုင်ငံမှာ ပြည်ဝင်ခွင့် ဗီဇာလျှောက်ရလွယ်ကူတာ၊ ဖုန်း ဆင်းကတ် (SIM card) နဲ့ အင်တာနက်လိုင်းတွေကို စစ်ဆေးကန့်သတ်တာ သိပ်မရှိတာတွေကြောင့်လည်း ဖြစ်တယ်လို့ ကျွမ်းကျင်သူတွေက The Guardian သတင်းဌာနကို ပြောပါတယ်။

သီရိလင်္ကာနိုင်ငံဟာ ခရီးသွားဗီဇာနဲ့ အသစ်မိတ်ဆက်လိုက်တဲ့ အွန်လိုင်းကနေ အဝေးရောက် အလုပ်လုပ်သူများအတွက် “Digital Nomad” ဗီဇာတွေကို လျှောက်ရ လွယ်ကူသလို ဆင်းကတ်တွေနဲ့ အင်တာနက်လိုင်းတွေကို စစ်ဆေးကန့်သတ်တာ သိပ်မရှိဘဲ ရုံးခန်းနဲ့ ဟိုတယ်တွေကလည်း စျေးသက်သက်သာသာနဲ့ ငှားလို့ရနေပါတယ်။

Myanmar Now ဆက်လက်ရပ်တည်နိုင်ရေးအတွက် လစဥ်ငွေအနည်းငယ်ဖြင့် https://myanmar-now.org/mm/members/ တွင် ကူညီနိုင်ပါသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles