အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ရုပ်သံရုပ်သံသတင်း

စစ်တပ် ဘာကြောင့် ပြန်အရှိန်ရလာတာလဲ

၂၀၂၄ ခုနှစ်တုန်းက တော်လှန်ရေးတပ်တွေ ဆက်တိုက် အောင်ပွဲရနေချိန်မှာ စစ်တပ်က မြို့ ၄ မြို့သာ ပြန်သိမ်းနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ ၂၀၂၅ နဲ့ ၂၀၂၆ ရောက်လာချိန်မှာတော့ တော်လှန်ရေးတပ်တွေလက််ထဲက မြို့ပေါင်း ၂၀ ကျော်ကို စစ်တပ်က ပြန်လည်ထိန်းချုပ်လာနိုင်ခဲ့ပြီး စစ်မြေပြင်ရဲ့ အရွေ့ဟာ သိသိသာသာ ပြောင်းလဲလာခဲ့ပါတယ်။

မန္တလေး-မြစ်ကြီးနား လမ်းကြောင်းပေါ်က တကောင်း၊ ထီးချိုင့်၊ အင်းတော်နဲ့ မော်လူးတို့လို ဗျူဟာကျတဲ့ မြို့တွေကို စစ်တပ်က ဆက်တိုက် ပြန်သိမ်းလာနိုင်ခဲ့တာ ဘာကြောင့်လဲ။ တရုတ်နိုင်ငံရဲ့ ဖိအား၊ စစ်မှုထမ်းဥပဒေကြောင့် ရလာတဲ့ လူအင်အားနဲ့ လေကြောင်းတိုက်ခိုက်မှုတွေက ဘယ်လောက်အထိ သက်ရောက်ခဲ့သလဲဆိုတာကို ဒီ ရုပ်သံရှင်းပြချက် မှာ တင်ဆက်ထားပါတယ်။

ဒါပေမဲ့ မြို့တွေ ပြန်သိမ်းနိုင်တာက စစ်ပွဲရဲ့ အသာစီးကို အပြီးအပြတ် ပြောင်းလဲသွားပြီလို့ ဆိုနိုင်မလား။ မြေပြင်မှာတော့ တော်လှန်ရေးတပ်တွေရဲ့ ပြောက်ကျားစစ်နဲ့ တန်ပြန်ထိုးစစ်တွေ ဆက်ရှိနေဆဲဖြစ်ပြီး စစ်မျက်နှာအသီးသီးမှာ နှစ်ဖက်တိုက်ပွဲတွေ ပြင်းထန်နေဆဲ ဖြစ်ပါတယ်။

သဇင်လှိုင်/ Myanmar Now

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

Myanmar Now ဆက်လက်ရပ်တည်နိုင်ရေးအတွက် လစဥ်ငွေအနည်းငယ်ဖြင့် https://myanmar-now.org/mm/members/ တွင် ကူညီနိုင်ပါသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button