အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ခြေဥပြင်ရေးကော်မတီဖွဲ့မည့် NLD အမတ်၏အဆို လုပ်ထုံးလုပ်နည်းနှင့်မညီဟု တပ်ကိုယ်စားလှယ်ဝေဖန်

ယနေ့ကျင်းပသည့် ပြည်ထောင်စုလွှတ်တော်တွင် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ပူးပေါင်းကော်မတီတစ်ခု ဖွဲ့စည်းရန် NLD ၏ အမျိုးသားလွှတ်တော်အမတ် ဦးအောင်ကြည်ညွန့်က အရေးကြီးအဆို တင်သွင်းခဲ့ခြင်းသည် လုပ်ထုံးလုပ်နည်းနှင့် လွဲမှားနေသည်ဟု တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးချုပ်မောင်မောင်က ပြောကြားလိုက်သည်။

ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးနှင့် ပတ်သက်ပြီး အဆိုပါဥပဒေတွင် လုပ်ထုံးလုပ်နည်းများအတိုင်း ဥပဒေမူကြမ်းကို တင်ပြရမည်ဖြစ်ကြောင်း၊ ပြည်ထောင်စုလွှတ်တော်ဥပဒေအရနှင့် နည်းဥပဒေများတွင်လည်း လွှတ်တော်ကိုယ်စားလှယ် ၂၀ ရာခိုင်နှုန်း လက်မှတ်ရေးထိုးထားသည့် ဥပဒေမူကြမ်းများအဖြစ် တင်ပြရမည်ဖြစ်ကြောင်း၊ ယခုအချိန်တွင် မည်သည့်အချက်ကို ပြင်မည်၊ မည်သို့တင်လာမည်ကို မသိရကြောင်း၊ ပြင်ဆင်ရေးကိုလည်း ဥပဒေမူကြမ်း တင်ပြပြီးမှသာ ဆက်စပ်လေ့လာ ဆောင်ရွက်ရမည်ဖြစ်သောကြောင့် လုပ်ထုံးလုပ်နည်းများနှင့် လွှဲမှားနေသဖြင့် စဉ်းစားဆောင်ရွက်ရန် အဆိုပါ တပ်မတော်သားကိုယ်စားလှယ်မှ ပြည်ထောင်စုလွှတ်တော်သို့ တင်ပြသည်။

ပြည်ထောင်စုလွှတ်တော် နာယကဖြစ်သူ ဦးတီခွန်မြတ်က ယခုဆောင်ရွက်ခြင်းသည် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်နိုင်ရေးအတွက် ပထမအဆင့်အနေဖြင့် ပြည်ထောင်စုလွှတ်တော်ဥပဒေ၊ နည်းဥပဒေများနှင့်အညီ အဖွဲ့ဖွဲ့ကာ ဆောင်ရွက်ခြင်းသာဖြစ်ပြီး အသေးစိတ်ကို ယနေ့လွှတ်တော်ဆွေးနွေးမှုကဏ္ဍများ ပြီးဆုံးချိန်တွင် ဆက်လက် ဆောင်ရွက်ရမည်ဖြစ်ပြီး အဆိုရှင်တင်ပြမည့်အချက်များကိုလည်း နားထောင်ပြီးမှ ကန့်ကွက်လိုသည်များရှိပါက ကန့်ကွက်နိုင်ပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ပူးပေါင်းကော်မတီတစ်ခု ဖွဲ့စည်းရေးအတွက် ယနေ့ညနေပိုင်း လွှတ်တော်တွင် ဆက်လက်ဆွေးနွေးဖွယ်ရှိပြီး အကြိတ်အနယ်ဖြစ်လာနိုင်သည့် ယင်းဆွေးနွေးမှုများကို နိုင်ငံရေးလေ့လာသူများကလည်း စောင့်ကြည့်နေကြသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles