အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

စစ်ကောင်စီဘက်တော်သား အများအပြားကို Facebook မှ ဖယ်ရှား

စစ်အာဏာသိမ်းမှုဆန့်ကျင်သူများကို ပစ်မှတ်ထားတိုက်ခိုက်နေသော အကောင့် ၇၉ ခု၊ စာမျက်နှာ ၁၃ ခု၊ ဂရု ၈ ခုနှင့် Instagram အကောင့် ၁၉ တို့ကို ဖြုတ်ချလိုက်ကြောင်း Facebook ကုမ္ပဏီက ဩဂုတ် ၁၀ ရက်စွဲဖြင့် ထုတ်ပြန်ကြေညာသည်။

ထိုအကောင့်များသည် အခြားတစ်ဖက်တွင်လည်း တပ်ကို လိုလားသည့် စာမျက်နှာများ ဖွင့်လှစ်ထားကြောင်း ကုမ္ပဏီ၏ ကြေညာချက်တွင်ပါရှိသည်။

ဖြုတ်ချခံရသည့် အကောင့်ပိုင်ရှင်တို့သည် CIB ဟု ခေါ်သည့် ပုံမှန်မဟုတ်သော စုပေါင်းလှုံ့ဆော်သည့် ကွန်ရက်တစ်ခုဖြစ်ကာ Facebook ၏ မူဝါဒများကို ချိုးဖောက်လျက်ရှိကြောင်း၊ ယင်းတို့အနက် အချို့ကိုသာ Facebook ၏ စနစ်က အလိုအလျောက်တွေ့ရှိ ဖယ်ရှားခဲ့ခြင်းဖြစ်ပြီး နောက်ကွယ်တွင် အကောင့်ခွဲ၊ အကောင့်တု များစွာရှိနေနိုင်သေးကြောင်း ထုတ်ပြန်ချက်က ဆိုသည်။

အဆိုပါကွန်ရက်သည် စာမျက်နှာများဖွင့်လှစ်ကာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ဝေဖန်သည့် အကြောင်းအရာများတင်လေ့ရှိကာ နိုင်ငံရေးကိစ္စများတွင် ဝင်ရောက်ငြင်းခုံဆွေးနွေးခြင်း၊ ဝေဖန်ခြင်း၊ စစ်အာဏာသိမ်းမှုကို ထောက်ခံခြင်းများ ပြုလုပ်ခဲ့ကြောင်း Facebookက ပြောသည်။

Facebook နှင့် Instagram တွင် ၎င်းတို့တင်သည့် အကြောင်းအရာများ ပျံ့နှံ့စေရန် အမေရိကန်ဒေါ်လာ ၆၅၀ ဝန်းကျင်အထိ သုံးစွဲခဲ့သည်ဟု Facebook က ထုတ်ပြန်သည်။

GAN ဖြင့် ပြုလုပ်ထားသည့် ရုပ်ပုံကို သုံးထားသည့် အကောင့်နှင့် CIB ဂရုတစ်ခု

Machine Learning ကဲ့သို့သော generative adversarial networks (GAN) ဖြင့် ပြုလုပ်ထားသည့် ဓာတ်ပုံများကို အသုံးပြုထားပြီး Facebook ၏ ယခုဖယ်ရှားမှုမှာ ၂၀၁၈ တွင် စစ်တပ်၏ တရားဝင်စာမျက်နှာများကို ဖြုတ်ချခဲ့သည့် လုပ်ဆောင်ချက်နှင့် ဆက်စပ်မှုရှိပြီး ဆက်စပ်ပုဂ္ဂိုလ်အချို့ကို ထပ်မံဖော်ထုတ်တွေ့ရှိခဲ့သည်ဟု ဆိုသည်။

Facebook သည် ၂၀၁၈ မှ ၂၀၂၀ အတွင်း CIB ကွန်ရက် အနည်းဆုံး ၆ ခုကို ဖယ်ရှားခဲ့သလို ၂၀၂၁ ဖေဖော်ဝါရီ ၁ စစ်တပ်အာဏာသိမ်းပြီးချိန်တွင်လည်း စစ်တပ်နှင့် ၎င်းတို့တိုက်ရိုက်စီမံနေသည့် အစိုးရအဖွဲ့အစည်းများ၊ သတင်း၊ ပြန်ကြားရေးအဖွဲ့များ၏ လူမှုကွန်ရက်ပလက်ဖောင်းအသုံးပြုမှုများကို ရက်အကန့်အသတ်မရှိ ပိတ်ပင်ထားသည်။

လူမှုအသိုင်းအဝိုင်းမှ ဖယ်ကြဉ်ရန် လှုံ့ဆော်ခံနေရသော အာဏာသိမ်းစစ်ကောင်စီနှင့် ဆက်စပ်နေသူများ Facebook သုံးသော်လည်း ဖေဖော်ဝါရီ ၁ နောက်ပိုင်း ၎င်းတို့သုံးနေကျ အကောင့်များကို ကိုယ်တိုင်ပိတ်ထားကြသည်။

စစ်အာဏာရှင်ဘက်တော်သားတချို့က ရုရှားအခြေစိုက် လူမှုကွန်ရက် VK ကို ပြောင်းသုံးနေကြသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button