အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ကယားပြည်နယ် ဘောလခဲတွင် တိုက်ပွဲများဆက်ဖြစ်နေ၊ စစ်ဘေးရှောင်ရသူ ရာချီရှိ

ကယားပြည်နယ် ဘောလခဲမြို့နယ်တွင် သုံးရက်ဆက် တိုက်ပွဲများကြောင့် ရာနှင့်ချီသော ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရသည်ဟု စစ်ရှောင်ကူညီရေးတာဝန်ရှိသူတစ်ဦးက ပြောသည်။

ဘောလခဲမြို့နယ် ကလိလျားရွာအနီးတဝိုက်တွင် စစ်ကောင်စီတပ်နှင့် ကရင်နီလက်နက်ကိုင်ပူးပေါင်းအဖွဲ့တို့ နေ့စဉ်ရက်ဆက် တိုက်ပွဲဖြစ်ပွားလျက်ရှိရာ အနီးတဝိုက်ကျေးရွာများမှ ရာနှင့်ချီသော ဒေသခံများ စစ်ဘေးရှောင်နေရခြင်းဖြစ်သည်။

“အမျိုးသားရေးတာဝန်တစ်ရပ်အနေနဲ့ စစ်အာဏာရှင်ကို တော်လှန်ရမှာဖြစ်ပါတယ်။ ဒါကြောင့် တော်လှန်ရေးလုပ်ငန်းလည်း လုပ်ဖို့လိုအပ်သလို အခုအချိန်မှာ လူထု အထိအခိုက်နည်းစေတဲ့ လုပ်ငန်းမှန်သမျှကိုပဲ ကျွန်တော်တို့ စဉ်းစားပေးဖို့လိုအပ်တယ်” ဟု စစ်ဘေးရှောင်များကို ကူညီဆောင်ရွက်ပေးနေသူ ဒေသခံက ပြောသည်။

ကိုဗစ်နိုင်တင်း (Covid-19) ကပ်ရောဂါကြောင့် ပြည်သူများ ဒုက္ခကြုံနေရချိန် တိုက်ပွဲများဖြစ်ပွား၍ အခက်အခဲများ ကြုံတွေ့နေကြရကြောင်းလည်း ၎င်းက ဆက်ပြောသည်။ 

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

မေလအတွင်းက ဒီးမော့ဆို၊ လွိုင်ကော်နှင့် ဖယ်ခုံ၊ မိုးဗြဲ စသည့် ကရင်နီဒေသများ၌ တိုက်ပွဲများဖြစ်ပွားခဲ့၍ စစ်ဘေးရှောင်နေကြရသည့် ပြည်သူများအပါအဝင် လက်ရှိတွင် စစ်ရှောင်ကရင်နီပြည်သူ ငါးသောင်းခန့်ရှိနေပြီး စားနပ်ရိက္ခာ အကူအညီများ လိုအပ်နေဆဲဖြစ်သည်ဟု သိရသည်။ 

စစ်ကောင်စီတပ်က ဇူလိုင် ၁၉ ရက် နံနက်ပိုင်းတွင် ကလိလျားရွာဘက်သို့ ဦးတည်ကာ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သည့်အပြင် ဘောလဲအခြေစိုက်စစ်တပ်ကလည်း တာဝေးပစ်အမြောက်များဖြင့် ပစ်ခတ်ခဲ့ကာ စစ်တပ်က အင်အားထပ်မံဖြည့်တင်းနေကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ်ဖွဲ့ (KNDF) က ယမန်နေ့တွင် သတင်းထုတ်ပြန်သည်။ 

ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP/KA) နှင့် ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ စုဖွဲ့ထားသည့် KNDF ပူးပေါင်းကာ စစ်ကောင်စီကို တိုက်ခိုက်နေခြင်းဖြစ်ပြီး လက်ရှိ ဇူလိုင်လအတွင်း တိုက်ပွဲ ၁၁ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့သည်ဟု သိရသည်။ 

ဘောလခဲမြို့နယ်အတွင်း ထိုးစစ်ဆင်လာသည့် အင်အား ၅၀ ခန့်ရှိ စစ်ကောင်စီတပ်ကို ဖရူဆိုနှင့် ဘောလခဲမြို့နယ်ကြား နန်းဖဲရွာအနီးတွင် KNPP/KNDF ပူးပေါင်းအဖွဲ့က ဇူလိုင် ၁၆ ရက်တွင် ကြားဖြတ်တိုက်ခဲ့သည်။ 

ထို့နောက် ဇူလိုင် ၁၈ ရက်တွင် စစ်ကောင်စီက အင်အား ၂၀၀ ခန့်ဖြင့် ထပ်မံထိုးစစ်ဆင်ခဲ့ရာ နန်းဖဲရွာအနီးရှိ တော်ခူကျေးရွာသစ်နှင့် ကလိလျားကျေးရွာအကြားတွင် KNPP/KNDF ပူးပေါင်းအဖွဲ့နှင့် တိုက်ပွဲနှစ်ကြိမ် ဖြစ်ပွားခဲ့သည်ဟု သိရသည်။ 

ဇူလိုင် ၁၆ ရက်နှင့် ၁၈ ရက်အတွင်း ဖြစ်ပွားခဲ့သည့် တိုက်ပွဲသုံးကြိမ်တွင် စစ်ကောင်စီတပ်မှ သေဆုံး ထိခိုက်မှုများရှိသော်လည်း အရေအတွက်ကို အတည်မပြုနိုင်​သေး​ကြောင်း KNDF က သတင်းထုတ်ပြန်ထားသည်။

​ယခင်က ကယားပြည်နယ်တွင် တိုက်ပွဲများဖြစ်ပွားလေ့မရှိသော်လည်း စစ်တပ်အာဏာသိမ်းပြီးနောက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတစ်ခုဖြစ်သော KNPP က ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့် ပူးပေါင်းကာ စစ်ကောင်စီကို ခုခံတိုက်ခိုက်လျက်ရှိသည်။ 

ကရင်နီဒေသများတွင်သာမက ကချင်၊ ကရင်၊ ရှမ်းမြောက်နှင့် စစ်ကိုင်းတိုင်းတွင်လည်း စစ်ကောင်စီတပ်များကို တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များနှင့် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ခုခံတိုက်ခိုက်လျက်ရှိသည်။ 

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button