အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ရခိုင်နယ်စပ်ကုန်သွယ်ရေးဂိတ်နှင့် ကျောင်းများ ယာယီပိတ်မည်

ဘင်္ဂလားဒေ့ရှ်နှင့် ကုန်သွယ်နေသူများ၊ ဆရာ၊ ဆရာမ၊ ကျောင်းသား၊ ကျောင်းသူများထံတွင် ကိုဗစ်နိုင်တင်းဖြစ်ပွားမှုများပြားနေသဖြင့် ရခိုင်ပြည်နယ်ရှိ နယ်စပ်ဂိတ်နှင့် စာသင်ကျောင်းများကို သီတင်းနှစ်ပတ်ကြာ ပိတ်လိုက်သည်။

တရားဝင်နယ်စပ်ကုန်သွယ်ရေးဂိတ်များဖြစ်သည့် စစ်တွေမြို့ ရွှေမင်းဂံ၊ မောင်တောမြို့ ကညင်ချောင်း စီးပွား‌ရေးဇုန် ကုန်သွယ်ရေးဂိတ်များကို ဇူလိုင် ၁၅ မှ ၃၁ အထိ၊ ကိုဗစ်နိုင်တင်းတတိယလှိုင်း ကြုံနေလျက်နှင့် တစ်နိုင်ငံလုံး၌ အတင်းအကျပ်ဖွင့်လှစ်ထားခဲ့သည့် အခြေခံပညာစာသင်ကျောင်းများကို ဇူလိုင် ၉ မှ ၂၃ အထိ ပိတ်မည်ဖြစ်သည်။

နယ်စပ်ကုန်သွယ်ရေးဂိတ်များပိတ်သိမ်းရန် ဇူလိုင် ၈တွင် ရခိုင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီက ပြည်နယ်ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းထံ အကြောင်းကြားခဲ့သည်။

စာသင်ကျောင်းများယာယီပိတ်ရန်အတွက်မူ ကိုဗစ်နိုင်တင်းကာကွယ်ထိန်းချုပ်ကုသရေးဗဟိုကော်မတီ က ဇူလိုင် ၉တွင် ကြေညာချက်ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး တစ်နိုင်ငံလုံးရှိ အစိုးရကျောင်းများအပြင်၊ ပုဂ္ဂလိကနှင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများလည်း အကျုံးဝင်သည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

နယ်စပ်ကုန်သွယ်ရေးဂိတ်များကို ယာယီရပ်နားထားရခြင်းမှာ ဘင်္ဂလားဒေ့ရှ်နှင့် ကူးသန်းသွားလာနေသည့် သင်္ဘောသားများနှင့် လှေသားများတွင် ကိုဗစ်နိုင်တင်းရောဂါပိုး ကူးစက်ခံရမှုများပြားနေ၍ဖြစ်သည်ဟု ရခိုင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီက ဇူလိုင် ၉  သတင်းစာရှင်းလင်းပွဲတွင် ပြောထားသည်။

အထက်ပါ နယ်စပ်ဂိတ်များတွင် ဇူလိုင် ၈ တစ်ရက်တည်းဆေးစစ်ချက်များအရ အတည်ပြုလူနာ ၉ ဦးထိရှိခဲ့ကြောင်း၊ မေလမှစ၍ ဇူလိုင် ၇ အထိ ကျောင်းသား/သူ ၁၃ ဦး၊ ဆရာ/မ ၇ ဦး ပညာ‌ရေးမှူးရုံးဝန်ထမ်းတစ်ဦး ကူးစက်ခံထားရသည်ဟု ဆိုသည်။

ကူးစက်ခံနေရသူများထဲတွင် မောင်တောခရိုင်သို့ တာဝန်ထမ်းဆောင်ရန် မိသားစုလိုက်ပြောင်းရွှေ့လာသည့် နယ်ခြားစောင့်ရဲ၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန၊ အကောက်ခွန်ဌာနဝန်ထမ်းများ မိသားစုဝင်များ ပါဝင်နေသည်။

အာဏာသိမ်းစစ်ကောင်စီ၏ ကိုဗစ်နိုင်တင်းကာကွယ်ထိန်းချုပ်ကုသရေးဗဟိုကော်မတီကိုယ်တိုင်ကပင် ရခိုင်အပါအဝင် နိုင်ငံအနှံ့ မျိုးရိုးဗီဇပြောင်းလဲသွားသည့် ကူးစက်မြန်ပိုးတွေ့ရှိမှုနှုန်း နေ့စဉ်များပြားနေသည်ဟု ဝန်ခံထားပြီးဖြစ်သည်။

ယမန်နေ့(ဇူလိုင်၉)အထိ ပိုးတွေ့သူဦးရေ နှစ်သိန်းနီးပါးရှိကာ သေဆုံးသူ လေးထောင်ဝန်းကျင်ရှိပြီဟု စစ်ကောင်စီ၏ အချက်အလက်များက ဆိုသည်။

သို့သော် ကာကွယ်၊ ကုသ၊ ထိန်းချုပ်စီမံခန့်ခွဲရာတွင် စစ်ကောင်စီ၏ အားနည်းချက်၊ လိုအပ်ချက် လွန်စွာများနေသဖြင့် တတိယလှိုင်းကြုံနေရချိန်တွင် ကိုဗစ်နိုင်တင်းကူးစက်ခံရသူနှင့် သေဆုံးသူ ထို့ထက်များနိုင်ကြောင်း၊ အောက်စီဂျင်အရေးပေါ်လိုအပ်နေသည့် နိုင်ငံအနှံ့အဖြစ်အပျက်များက သက်သေပြနေကြောင်း ဝေဖန်မှုတို့ရှိသော်လည်း ကိန်းဂဏန်းအတိအကျကိုမူ အတည်မပြုနိုင်သေးပေ။

တရားဝင်ထုတ်ပြန်သော ကိုဗစ်ထိခိုက်မှုကိန်းဂဏန်းများထက် ကူးစက်၊ သေဆုံးနှုန်းမြင့်မားနေသည်ဟု အများက ယူဆရပြီး ထိုသို့ မြင့်မားရခြင်းမှာ စစ်ကောင်စီ၏ စီမံခန့်ခွဲမှုညံ့ဖျင်းခြင်း၊ စေတနာမဲ့ခြင်းကြောင့်ဟု ဝေဖန်ခံနေရသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button