အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ရုပ်သံရုပ်သံသတင်း

တရုတ်နဲ့စစ်ဖြစ်လာခဲ့ရင်အီရန်စစ်ပွဲကြောင့်အမေရိကန်မှာလက်နက်မလောက်မှာကိုစိုးရိမ်

အမေရိကန်ဟာ အီရန်နဲ့စစ်ပွဲမှာ အဆင့်မြင့်ဆုံးနဲ့ ဈေးအကြီးဆုံး လက်နက်တွေကို သုံးပြီး အင်အားအလုံးအရင်းနဲ့ တိုက်ခိုက်နေရာမှာ   စစ်စဖြစ်တဲ့ ပထမ ၁၆ ရက်အတွင်းမှာတင် လက်နက်ခဲယမ်း ၁၁၀၀၀ ကျော်ကို သုံးစွဲခဲ့ပြီး တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၂၆ ဘီလီယံဖိုးလောက် ကုန်ကျခဲ့တယ်လို့   ကမ္ဘာလုံးဆိုင်ရာ မူဝါဒရေးရာတွေကို သုတေသနပြု လေ့လာနေတဲ့ အမေရိကန်နိုင်ငံ၊ ကော်လိုရာဒိုပြည်နယ်အခြေစိုက်  Payne Institute က ခန့်မှန်းထားပါတယ်။

ဒီအခြေအနေကြောင့်  တရုတ်နဲ့ဖြစ်လာနိုင်တဲ့ ပဋိပက္ခတွေအတွက် လက်နက်လက်ကျန် မလောက်မှာကို စိုးရိမ်မှု ဖြစ်လာစေပါတယ်။

Tomahawk တစ်စင်းကို ဒေါ်လာ ၃ ဒသမ ၆ သန်းလောက် တန်ပြီး တစ်နှစ်ကို ရာဂဏန်းလောက်ပဲ ထုတ်နိုင်တာပါ။ ဒါပေမဲ့ အမေရိကန်က အီရန်စစ်ပွဲ ပထမတစ်လအတွင်းမှာတင် ၈၅၀ လောက် ပစ်ခတ်ခဲ့ပါတယ်။

ယူကရိန်းသမ္မတ ဇီလန်းစကီးကလည်း အမေရိကန်နဲ့အီရန် စစ်ပွဲကြောင့် ယူကရိန်းအနေနဲ့ Patriot ဒုံးကျည်တွေ ပြတ်လပ်မှုနဲ့ မလွဲမသွေ ရင်ဆိုင်ရလိမ့်မယ်လို့ သတိပေးထားပါတယ်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

 သမ္မတထရမ့်က အီရန်ရဲ့ စစ်အင်အားကို “အမြစ်ပြတ်” ချေမှုန်းနိုင်ခဲ့ပြီလို့ ဆိုပေမဲ့ လက်တွေ့မှာတော့ အီရန်ဟာ သူတို့မှာရှိတဲ့ ဒရုန်းတွေနဲ့ ဒုံးကျည်တွေကို သုံးပြီး အမေရိကန်မဟာမိတ် ပင်လယ်ကွေ့နိုင်ငံတွေကို ဒုက္ခပေးနေဆဲဖြစ်ပါတယ်။

Myanmar Now ဆက်လက်ရပ်တည်နိုင်ရေးအတွက် လစဥ်ငွေအနည်းငယ်ဖြင့် https://myanmar-now.org/mm/members/ တွင် ကူညီနိုင်ပါသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles