အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ရုပ်သံရုပ်သံသတင်း

အတိုင်ပင်ခံကောင်စီ – သက်ဆုံးတိုင် အာဏာလက်မလွှတ်လိုတဲ့ မင်းအောင်လှိုင်ရဲ့ခြေလှမ်းသစ်

“ပြည်ထောင်စုအတိုင်ပင်ခံကောင်စီ” ဆိုတဲ့နာမည်နဲ့ ဥပဒေတစ်ခုကို ဖေဖော်ဝါရီလ ၃ရက်နေ့မှာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က လက်မှတ်ထိုးပြီး ပြဋ္ဌာန်းလိုက်တာ ဖြစ်ပါတယ်။ 

ဒါဟာ ရာသက်ပန်ဆုပ်ကိုင်လို့ရမယ့် အာဏာဂေဟစနစ်တစ်ခုကို စစ်ခေါင်းဆောင်က သူ့အတွက် ဖန်တီးလိုက်တာပဲလို့ အကဲခတ်တွေက သုံးသပ်ကြသလို စစ်ခေါင်းဆောင် သမ္မတလုပ်မယ်ဆိုတဲ့ ယူဆချက်တွေလည်း ပိုပြီး ထင်ရှားလာပါတယ်။ 

အဖွဲ့ဝင် ၅ဦး ပါဝင်မယ့် ကောင်စီမှာ ဥက္ကဋ္ဌ နေရာကို စစ်ခေါင်းဆောင်ကပဲ ရယူသွားဖို့ရှိပြီး အရပ်ဘက်ကိုသာမက တပ်ကိုပါ သူပဲဆက်ပြီး ကွပ်ကဲလိမ့်မယ်လို့ စစ်ဗိုလ်ချုပ်တွေနဲ့နီးစပ်တဲ့ နေပြည်တော်က အကဲခတ်တစ်ဦးက ပြောပါတယ်။ 

ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံတော်အတိုင်ပင်ခံရာထူးဟာ ဖွဲ့စည်းပုံထဲမှာ မရှိသလို ဥပဒေနဲ့မညီဘူးလို့ ၂၀၂၂ ခုနှစ်တုန်းက ရုရှားသတင်းဌာနဲ့ မေးမြန်းမှုမှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က စွပ်စွဲပြောဆိုခဲ့ပေမယ့်  အခုနှစ်မှာတော့ ၂၀၀၈ ဖွဲ့စည်းပုံထဲမှာ မရှိတဲ့ ပြည်ထောင်စုအတိုင်ပင်ခံကောင်စီ ဆိုတာကို ဖွဲ့လိုက်တာဟာ သူဝေဖန်ခဲ့တဲ့ လမ်းဟောင်း အတိုင်း ပြန်လျှောက်နေတာလို့ နိုင်ငံရေးအကဲခတ်တွေက သုံးသပ်ကြပါတယ်။ 

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

အခုပြဋ္ဌာန်းလိုက်တဲ့ ပြည်ထောင်စုအတိုင်ပင်ခံ ကောင်စီဟာ လာမယ့်ဧပြီလမှာ ဖွဲ့စည်းမယ့် အစိုးရသစ်ရဲ့ သမ္မတသက်တမ်းအတိုင်း တည်ရှိမှာလည်း ဖြစ်ပါတယ်။ 

သတင်း/တင်ဆက်-သဇင်လှိုင်       တည်းဖြတ်-မြတ်ကြီး

Myanmar Now ဆက်လက်ရပ်တည်နိုင်ရေးအတွက် လစဥ်ငွေအနည်းငယ်ဖြင့် https://myanmar-now.org/mm/members/ တွင် ကူညီနိုင်ပါသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button