အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

Myanmar Now သတင်းထောက်အမှု လိုပြသက်သေထက်ဝက်ကို စစ်ဆေးပြီးစီး

Myanmar Now ရုပ်သံသတင်းထောက် မကေဇွန်နွေးကို ယနေ့ (ဇွန် ၁၇) ထောင်တွင်း အထူးတရားရုံးတွင် ရုံးထုတ်စစ်ဆေးခဲ့ပြီး တရားလိုပြသက်သေ ထက်ဝက်ခန့် စစ်ဆေးပြီးစီးနေပြီဖြစ်ကြောင်း ၎င်း၏ ရှေ့နေထံမှ သိရသည်။ 

ယနေ့ (ဇွန် ၁၇) ရုံးချိန်းတွင် ဒုရဲအုပ်တစ်ဦးနှင့် ရှာဖွေသက်သေတစ်ဦး လာရောက်ခဲ့ပြီး စုစုပေါင်း တရားလိုပြသက်သေ ၁၂ ဦးအနက် ၆ ဦးခန့် စစ်ဆေးပြီးစီးပြီဖြစ်ကြောင်း ရှေ့နေ ဒေါ်နီလာခိုင်က ပြောသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၇ ၌ ရန်ကုန်၊ စမ်းချောင်းမြို့နယ်၊ မြေနီကုန်းတွင် မကေဇွန်နွေး သတင်းယူနေစဉ် ဖမ်းဆီးခံရပြီး ဆူပူအောင်လှုံ့ဆော်မှု ရာဇသတ်ကြီးပုဒ်မ ၅၀၅-က ဖြင့် အမှုဖွင့်ခံထားရသည်။

လာမည့် ရုံးချိန်းကို  ဇူလိုင် ၁ တွင် ပြန်လည်ချိန်းဆိုထားပြီး မကေဇွန်နွေးအနေဖြင့် ကျန်းမာရေး ကောင်းမွန်လျက်ရှိသော်လည်း ကိုဗစ်နိုင်တင်းကူးစက်ရောဂါကို စိုးရိမ်မှုရှိနေကြောင်း ၎င်းရှေ့နေထံမှ သိရသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

အမှုကို ရက်ပေါင်း ၁၈၀ အတွင်း အပြီးစစ်မည်ဟု စစ်ကောင်စီက သတ်မှတ်ထားသော်လည်း အကြောင်းအမျိုးမျိုးကြောင့် ကြန့်ကြာနိုင်သည်ဟု ၎င်းရှေ့နေက ဆိုသည်။

“ပုံသေတွက်လို့မရဘူး။ တစ်ခါတလေ သက်သေက မလာတဲ့အခါ ရှိတယ်၊ ရဲသက်သေက မလာနိုင်တာ ရှိတယ်။ တရားသူကြီး အစည်းအဝေးရှိလို့ မလာနိုင်တာတို့။ အဲ့ဒါမျိုးဆိုရင်လည်း အတိုးအလျှော့ ရှိတယ်။ သက်သေတွေက တစ်ချိန်းမှာ ၂ ယောက်စစ်လိုက်လို့ ရက်ပေါင်း ၁၈၀ မတိုင်ခင် ပြီးသွားတာလည်း ဖြစ်နိုင်တယ် ” ဟု ဒေါ်နီလာခိုင်က ပြောသည်။ 

မကေဇွန်နွေးကို ဧပြီ ၂၈ ရက်မှစ၍ တစ်လကျော်ကြာ မှားယွင်းတိုက်ပိတ်ခံရပြီး လက်ရှိတွင် မူလအချုပ်ဆောင်၌ ချုပ်နှောင်ထားသည်။ 

ဖေဖော်ဝါရီ ၁ ရက် အာဏာသိမ်းပြီးချိန်မှစ၍ စစ်ကောင်စီက သတင်းထောက်အများအပြားကို ဖမ်းဆီးခဲ့ပြီး Myanmar Now အပါအဝင် သတင်းဌာန ၈ ခုကို သတင်းလုပ်ငန်းလုပ်ကိုင်ခွင့် ရုပ်သိမ်းခဲ့သည်။

နိုင်ငံတကာသတင်းဌာနများဖြစ်သည့် အေပီနှင့် ဘီဘီစီမှ သတင်းထောက်များ၊ Eleven မီဒီယာမှ သတင်း‌ထောက်တစ်ဦး၊ The Hakha Times မှ သတင်းသမားတစ်ဦး၊ အမေရိကန်နိုင်ငံသားဖြစ်သူ ကမာရွတ်ဒီယာအယ်ဒီတာချုပ်တို့ကို ပြန်လွှတ်ပေးခဲ့သည်။

ယနေ့ ဇွန် ၁၇ တွင် Voice of Myanmar အယ်ဒီတာချုပ်နှင့် သတင်းထောက်တို့ကို ပြန်လွှတ်ပေးခဲ့သည်။

နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ ဇွန်လဆန်းအထိ အချက်အလက်များအရ သတင်းသမား ၅၀ ကျော် အဖမ်းခံထားရဆဲဖြစ်ကြောင်း သိရသည်။ 

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button