အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ကရင်လက်နက်ကိုင်အချင်းချင်း ပဋိပက္ခထပ်မံမဖြစ်ပွားရေး ဆွေးနွေး

ကရင်အမျိုးသားအစည်းအရုံး(KNU) ဌာနချုပ်တွင် ကျင်းပလျက်ရှိသည့် ကရင်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့လေးဖွဲ့ တွေ့ဆုံဆွေးနွေးပွဲတွင် ကရင်လက်နက်ကိုင်အချင်းချင်းအကြား ပစ်ခတ်မှုများမဖြစ်ရေး ဆွေးနွေးခဲ့သည်ဟု သိရသည်။

ကရင်လက်နက်ကိုင်အဖွဲ့များညီညွတ်ရေးကော်မတီက ကမကထပြုကျင်းပသည့် အဆိုပါ တွေ့ဆုံပွဲတွင် KNU/ KNLA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးစောဂျော်နီဦးဆောင်သည့် ကိုယ်စားလှယ်များ၊ ကရင်နယ်ခြားစောင့်တပ်ဖွဲ့(BGF)မှ ဗိုလ်မှူးကြီးစောချစ်သူဦးဆောင်သည့် ကိုယ်စားလှယ်များ၊ ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော်(DKBA) ဒုစစ်ဦးစီးချုပ်ဦးဆောင်သည့် ကိုယ်စားလှယ်များနှင့် ကရင်ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA-PC)မှ ကိုယ်စားလှယ်များ တက်ရောက်ကြောင်း ကရင်အမျိုးသားမီဒီယာက ဖော်ပြသည်။

“သူတို့ပြောတာက အခု ကရင်တွေအချင်းချင်းကြား ဖြစ်တဲ့ဟာတွေ နောင်မဖြစ်အောင် သူတို့ ညှိနှိုင်းကြတာပေါ့။ ကရင်တွေကြားထဲမှာ အချင်းချင်းပစ်ခတ်နေကြတာတွေ သူတို့က ညှိနှိုင်းမှာပေါ့။ အဲဒီလိုမလုပ်ဖို့” ဟု သတင်းရင်းမြစ်တစ်ဦးက ပြောသည်။ 

အဆိုပါ တွေ့ဆုံပွဲသို့ KNU ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးစောမူတူးစေးဖိုးနှင့် ဒုတိယဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းတို့လည်း တက်ရောက်ခဲ့ကြောင်း ၎င်းက ဆိုသည်။

အဆိုပါ တွေ့ဆုံပွဲဖြစ်မြောက်ရေးအတွက် ကရင်လက်နက်ကိုင်များညီညွတ်ရေးကော်မတီ အတွင်းရေးမှူး ပဒိုစောအောင်မော်ဧက လက်မှတ်ထိုး၍ ဖိတ်ကြားခဲ့ခြင်းဖြစ်ပြီး ဆွေးနွေးပွဲကို ဇွန်လ ၁၆ ရက်အထိ ပြုလုပ်ရန်လည်း စီစဉ်ထားသည်။

ကရင်လက်နက်ကိုင်လေးဖွဲ့အနက် စစ်ကောင်စီလက်အောက်ခံဖြစ်သော BGF နှင့် KNU တပ်မဟာ(၅) အကြား မေလအတွင်းက တိုက်ပွဲများဖြစ်ပွားခဲ့သည်။

ယခုဆွေးနွေးပွဲသို့ KNU/KNLA ဒုတိယစစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးတက်ရောက်မှုမရှိကြောင်း၊ ဆွေးနွေးပွဲကျင်းပရာနေရာနှင့် ဒုစစ်ဦးစီးချုပ်နေထိုင်ရာ ခရီးကွာဝေးလွန်း၍ဖြစ်နိုင်ကြောင်းလည်း သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button