အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ကန့်ဘလူမြို့တွင် ရဲတပ်ဖွဲ့ဝင်အချင်းချင်း ပစ်ခတ်မှုဖြစ်ပွား

စစ်ကိုင်းတိုင်း ကန့်ဘလူမြို့တွင် ယမန်နေ့ (ဇွန် ၁၂) ညပိုင်းက ရဲတပ်ဖွဲ့ဝင်အချင်းချင်း ပစ်ခတ်မှုဖြစ်ခဲ့ရာ ဒုရဲအုပ်တစ်ဦး ရင်ဘတ်ကျည်ထိမှန်ပြီး အပြင်းအထန်ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။

သေနတ်ဖြင့် ပစ်ခံရသဖြင့် ဒဏ်ရာရရှိခဲ့သူ ဒုရဲအုပ်သန့်ဇင်ဦးမှာ အဆုတ်တွင် ကျည်ဆန်ထိမှန်ထားကြောင်း ကန့်ဘလူဆေးရုံမှ ဆရာဝန်တစ်ဦးက အတည်ပြုသည်။ 

ကန့်ဘလူခရိုင်ရဲစခန်းတွင် တပ်ကူရောက်ရှိနေသော ကျွန်းလှမြို့နယ်မှ ရဲများ အရက်မူးကာ အချင်းချင်းပစ်ခတ်မှုဖြစ်ခဲ့ခြင်းဖြစ်ကာ တိုက်ပွဲဖြစ်သည်အထင်ဖြင့် အခြားနေရာများရှိ ရဲစခန်းနှင့် စစ်တပ်ကလည်း ခြောက်လန့်ပစ်ခတ်ခဲ့ကြောင်း မြို့ခံတစ်ဦးက Myanmar Now ကို ပြောသည်။

“ကျွန်းလှကရဲနဲ့ ဒီကရဲတွေ အချင်းချင်း သောက်ရင်းစားရင်း ပစ်ကြတယ်လို့ ကြားတယ်။ အသံကြားတော့ အနီးအနားမှာရှိတဲ့တပ်ကလည်း ပစ်တာ။ မြို့ထဲကရဲစခန်းကလည်း ခြောက်လန့်ပစ်တာတွေရှိတယ်။ အချင်းချင်းဖြစ်တာကနေ ပစ်ခတ်သံကြားလို့ ပစ်နေကြတာ” ဟု ၎င်းမြို့ခံက ပြောသည်။ 

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

သေနတ်ဖြင့် ပစ်ခတ်ခဲ့သည့် ဒုရဲအုပ်ခင်မောင်ဆင့်ဆိုသူမှာ ဆိုင်ကယ်ဖြင့် ထွက်ပြေးလွတ်မြောက်ခဲ့သော်လည်း ယနေ့ (ဇွန် ၁၃) မွန်းလွဲပိုင်းတွင် လာရောက်အဖမ်းခံခဲ့သည်ဟု ကန့်ဘလူရဲစခန်းနှင့် နီးစပ်သူတစ်ဦးက အတည်ပြုသည်။

“အချင်းချင်းစကားများပြီး သေနတ်နဲ့ပစ် ထွက်ပြေးတာပါ။ အခြားပစ်ခတ်တာတွေက ခြောက်လှန့်တဲ့သဘောပါ။ ဒီနေ့ လာအဖမ်းခံပါတယ်” ဟု ၎င်းက ပြောသည်။

ကန့်ဘလူခရိုင်ရဲစခန်းတွင် ထိုသို့ပစ်ခတ်မှုဖြစ်ပွားစဉ် အနီးအနားရှိ ကန့်ဘလူအခြေစိုက် တင့်ကားတပ်ရင်းကလည်း အချက်ပေါင်းများစွာ ပစ်ခတ်ခဲ့ကြောင်း ဒေသခံများက ဆိုသည်။

“ည ၉ နာရီကျော်ကျော်လောက်မှာ ပစ်တာ။ တစ်မြို့လုံးဆူညံသွားတာပဲ။ အချက်ရေ ၆၀ လောက်ရှိတယ်။ တိုက်ပွဲတွေဖြစ်နေတာထင်လို့ အကုန်ကြောက်လန့်ကုန်တာ” ဟု ပစ်ခတ်မှုဖြစ်ပွားရာ အနီးတွင် နေထိုင်သူတစ်ဦးက ပြောသည်။ 

ဇွန် ၂ ရက်က ကန့်ဘလူမြို့အရှေ့ဘက် ၁၀ မိုင်အကွာရှိ ဝါးညိုတောင်အဆင်းတွင် ရဲနှင့် စစ်သားများ လိုက်ပါလာသည့် ယာဉ်တန်းကို ဒေသခံအချို့က ပြောက်ကျားနည်းဖြင့် တိုက်ခိုက်ခဲ့ရာ ဒုရဲအုပ်တစ်ဦး သေဆုံးခဲ့သည်။ 

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button