အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

သပိတ်ကျင်းမှစစ်ရှောင်စခန်းကို စစ်တပ်ဗုံးကြဲ၊ ၅ သေ၊ ၃ ဦး ဒဏ်ရာရ

စစ်ရှောင်စခန်းကို ညအချိန် စစ်ကော်မရှင်လေတပ်က တိုက်ခိုက်ရာ မွေးကင်းစကလေးငယ်၊ ထိုကလေး၏ မိခင်အပါအဝင် စစ်ရှောင် ၅ ဦး သေဆုံးသွားသည်။

မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ်ရှိ စစ်ရှောင်စခန်းတစ်ခုကို စစ်ကော်မရှင်လေတပ်က ယမန်နေ့ည (ဒီဇင်ဘာ ၂၄) က တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကလေးငယ်နှစ်ဦးအပါအဝင် ငါးဦး သေဆုံးပြီး သုံးဦး ဒဏ်ရာရသွားကြောင်း ဒေသခံများက ပြောသည်။

ည ၇ နာရီ ဝန်းကျင်တွင် စစ်ကော်မရှင်၏ တိုက်တိုက်လေယာဉ် တစ်စီးက သပိတ်ကျင်းမြို့နယ်တွင်းငယ်ကျေးရွာမှ စစ်ရှောင်စခန်းကို တိုက်ခိုက်ခဲ့ဖြစ်ပြီး စစ်ရှောင်များ သေဆုံးသွားကြခြင်းဖြစ်သည်။

“ကလေးလေးတစ်ယောက်နဲ့ အမျိုးသမီးတစ်ယောက်ကတော့ အစအနကိုရှာမရအောင် ပျက်ဆီးသွားတယ်။ ကလေးမိခင်တစ်ဦးကလည်း ဆေးရုံပို့နေတုန်းသေဆုံးသွားတာ”ဟု ဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။

စစ်ကော်မရှင်တပ်၏ တိုက်ခိုက်မှုကြောင့် သေဆုံးသွားသူများတွင် မွေးကင်းစကလေးတစ်ဦး၊ အသက် ၁၀ နှစ်ဝန်းကျင် ကလေးတစ်ဦးနှင့်၊ မွေးကင်းစကလေးငယ်၏မိခင်၊ အသက် ၅၀ ခန့်ရှိ အမျိုးသားတစ်ဦး၊ အမျိုးသမီးတစ်ဦးတို့ ပါဝင်သည်ဟု သိရသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

ဗုံးကြဲခံရသည့်နေရာအနီးတွင် ယခင်နှစ်များအတွင်းက တော်လှန်ရေးတပ်ဖွဲ့များ အသုံးပြုသည့် ဆေးခန်းတစ်ခုရှိခဲ့ပြီး၊ ယင်းဆေးခန်းကို ဗုံးကြဲတိုက်ခိုက်ခြင်းဖြစ်နိုင်သည်ဟု ဒေသအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

“ဆေးခန်းဟောင်းတစ်ခုတော့ရှိတယ်၊ မသုံးတာတော့ကြာပါပြီ။ တခြားကိုရွှေ့ထားတာ။ အဲ့ဒီဆေးခန်းကိုကြဲတာလို့ ထင်တယ်။ ပစ်မှတ်လွဲသွားတာများဖြစ်မလားပဲ”ဟု ဆိုသည်။

မတ္တရာ၊ စဉ့်ကူး၊ သပိတ်ကျင်းနှင့် ရှမ်းမြောက်ဒေသတို့ကို တော်လှန်ရေူတပ်ဖွဲ့များနှင့် တိုင်းရင်းသားတပ်ဖွဲ့များ ထိန်းချုပ်ထားစဉ်က ယင်းဒေသများကိုသာ လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်ခဲ့သည်။ 

ယင်းအပြင် ဧရာဝတီမြစ်အနောက်ဘက်ကမ်းရှိ ရွှေဘို၊ ဝက်လက်၊ ခင်ဦး၊ တန့်ဆည်၊ ဒီပဲယင်းတို့အပါအဝင် မြစ်အရှေ့ဘက်ကမ်း၊ သပိတ်ကျင်းမြို့ မြောက်ဘက်ဒေသများကိုပါ လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက်လုပ်လာနေသည်။

အထက်ပါ ဒေသများတွင် ယခုရက်ပိုင်းများအတွင်း နေ့အချိန်များတွင် လေကြောင်းတိုက်ခိုက်မှု သိပ်မတွေ့ရသော်လည်း၊လူအများအိပ်ချိန်ဖြစ်သည့် ညအချိန်များတွင် လေယာဉ်များဖြင့် ခေါက်တုံ့ခေါင်ပြန် ဗုံးကြဲမှုများ လုပ်လာနေသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles