အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ရုပ်သံရုပ်သံသတင်း

လူ့အခွင့်အရေးနေ့မှာ ဆေးရုံကို စစ်တပ်ဗုံးကြဲလို့ လူအစုလိုက်အပြုံလိုက်သေဆုံး

အာရက္ခတပ်တော် (AA) သိမ်းပိုက်၊ ထိန်းချုပ်ထားတဲ့ ရခိုင်ပြည်နယ်၊ ရှေးဟောင်းယဉ်ကျေးမှု မြို့တော် မြောက်ဦးက ဆေးရုံကြီးကို ဒီဇင်ဘာလ ၁၀ရက်နေ့၊ ည ၉ နာရီကျော်မှာ အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် လူ ၃၃ ဦး သေဆုံးပြီး ၇၆ ဦး ဒဏ်ရာရခဲ့ပါတယ်။ 

ဒီဇင်ဘာလ ၁၁ ရက်နေ့၊ မနက်အထိ ရရှိတဲ့ စာရင်းတွေအရ အမျိုးသား ၁၆ဦး၊ အမျိုးသမီး ၁၇ ဦး သေဆုံးပြီး ၊ ဒဏ်ရာရသူ ၇၆ ဦးမှာ  ၂၇ ဦး ဒဏ်ရာပြင်းထန်တာကြောင့် သေဆုံးသူအရေအတွက် ထပ်တိုးလာနိုင်တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။  

မြန်မာစစ်တပ်ရဲ့ လေကြောင်းဗုံးကြဲမှုတွေနဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ဆက်ရှိနေတာကို စိုးရိမ်တဲ့အကြောင်း နိုင်ငံတကာသံရုံးတချို့က ကြေညာချက်အသီးသီးထုတ်ပြန်တဲ့ လူ့အခွင့်အရေးနေ့မှာပဲ လူအစုလိုက်အပြုံလိုက်သေဆုံးတဲ့ တိုက်ခိုက်မှုကို လုပ်ခဲ့တာ ဖြစ်ပါတယ်။ 

မြို့ခံကူညီကယ်ဆယ်ရေးသမားတစ်ယောက်ပြောပြချက်နဲ့၊ AA တုံ့ပြန်ချက်ကို ဒီရုပ်သံမှာ ကြည့်ရှုနိုင်ပါတယ်။ 

သတင်း – ဖဒူ ထွန်းအောင်၊ တင်ဆက် – မြတ်ကြီး

Myanmar Now ဆက်လက်ရပ်တည်နိုင်ရေးအတွက် လစဥ်ငွေအနည်းငယ်ဖြင့် https://myanmar-now.org/mm/members/ တွင် ကူညီနိုင်ပါသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button