အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ဂန့်ဂေါမြို့တွင် ကျောင်းဆရာအပါအဝင် သုံးဦး ပစ်သတ်ခံရ

ယမန်နေ့ (မေ ၂၈) နေ့လယ်ပိုင်းက မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်အတွင်းရှိ ကျေးရွာ ၃ ရွာကို စစ်တပ်က ဝင်ရောက်စီးနင်းကာ အမျိုးသားသုံးဦးကို ပစ်သတ်ခဲ့ပြီး လူနေအိမ်သုံးလုံးကို မီးရှို့လိုက်သည်။

မြို့နယ်အတွင်း ဖြတ်သန်းသွားသော စစ်တပ်ယာဉ်တန်းကို ဒေသခံတချို့က မိုင်းခွဲတိုက်ခိုက်၊ တူမီးဖြင့် ပစ်ခတ်ပြီးနောက် ထိုဖြစ်ရပ် ပေါ်ပေါက်ခဲ့ခြင်းဖြစ်သည်။

ပစ်သတ်ခံရသူတို့မှာ အသက် ၃၃ နှစ်အရွယ် CDM မူလတန်းပြကျောင်းဆရာ စောမင်းလှိုင်ဦး၊ အသက် ၅၀ နှင့် ၃၃ နှစ် အရွယ်ရှိကြသည့် တောင်သူနှစ်ဦး ဖြစ်သည်။ 

ကျောင်းဆရာသည် ခါးနှင့် ပေါင်တို့တွင် ကျည်ဆန်ထိမှန်၍ သေဆုံးခဲ့ခြင်းဖြစ်ကြောင်း၊ နေအိမ်တချို့ မီးရှို့ခံရသည့် အကြောင်းရင်းကို မသိရကြောင်း ရွာသားများက ပြောသည်။  

“ရွာထဲကို ကားလမ်းကနေ ပစ်တာ။ ရွာထဲက ဖြတ်တာဆိုတော့ ရွာထဲကိုတော့ ကျည်ဆန်တွေကျတယ်။ ပြေးတဲ့သူတွေလည်း တချို့လည်း ခေါင်းပေါ်တွေက ကျော်သွားတာမျိုးတွေ။ တစ်ရွာလုံးပြေးရတာ” ဟု ဒေသခံတစ်ဦးက ပြောသည်။

အမျိုးသမီးတစ်ဦး လက်မောင်းတွင် ကျည်ဆန်ထိမှန်ခဲ့ပြီး အသက် ၇၀ ကျော်အရွယ် အဘွားအိုတစ်ဦးမှာ တမ်းရှောင်ထွက်ပြေးစဉ် တောင်ကမ်းပါးမှ ပြုတ်ကျကာ ခြေကျိုးဒဏ်ရာရခဲ့ကြောင်း ၎င်းက ဆက်ပြောသည်။ 

စစ်တပ်က ၎င်းရွာသုံးရွာကို ပစ်ခတ်ပြီးနောက် ပြန်လည်ထွက်ခွာသွားကြောင်း၊ ထွက်ပြေးတိမ်းရှောင်ကြရသော ဒေသခံများထဲမှ တချို့က ညနေပိုင်းတွင် ရွာသို့ ပြန်လာကြကြောင်း သိရသည်။

လက်နက်ကိုင်ခုခံမှုနှင့် ရင်ဆိုင်နေရသော စစ်တပ်သည် မေလဆန်းကတည်းက စစ်ကိုင်းတိုင်း၊ ကနီနှင့် ယင်းမာပင်မြို့နယ်များအတွင်းရှိ ကျေးရွာများကို ဝင်ရောက်စီးနင်းကာ ဒေသခံတို့ကို ပစ်ခတ်သတ်ဖြတ်နေသည်။ 

အကြမ်းဖက်သောင်းကျန်းသူကို ပစ်ခတ်ချေမှုန်းခြင်းဖြစ်သည်ဟု စစ်ကောင်စီက သတင်းထုတ်ပြန်လေ့ရှိသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button