အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ရုပ်သံရုပ်သံသတင်း

“မိုးကုတ်၊ မိုးမိတ်ကို ပြန်ပေးလိုက်ရပြီဆိုရင် ပြင်းထန်တဲ့ ထိုးစစ်တွေ ဖြစ်လာတော့မယ်”

တအာင်း အမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)ဟာ တိုက်ခိုက်၊ သိမ်းပိုက်ထားတဲ့ မန္တလေးတိုင်းက မိုးကုတ်မြို့နဲ့ ရှမ်းမြောက်က မိုးမိတ်မြို့တွေကို တရုတ်ဖိအားကြောင့် စစ်တပ်လက်ထဲပြန်အပ်ပြီး၊ စစ်တပ်နဲ့လည်း အပစ်ရပ်မယ်လို့ အောက်တိုဘာလကုန်ပိုင်းက ကြေညာထားပါတယ်။ 

တောင်တန်းနဲ့ပြည်မ ဆက်စပ်နေတဲ့ ဒီမြို့တွေကို စစ်တပ်က ပြန်ရသွားရင် အမျိုးသားညီညွတ်ရေးအစိုးရ NUG ကွပ်ကဲမှုအောက်က MDY-PDF ထိန်းချုပ်ထားတဲ့ မန္တလေးတိုင်းထဲက စဉ့်ကူး၊ မတ္တရာ၊ သပိတ်ကျင်းမြို့နယ်နဲ့ စစ်ကိုင်းတိုင်းထဲက အညာဒေသတွေကို စစ်တပ်က အပြင်းအထန် ထိုးစစ်ဆင်လာလိမ့်မယ်လို့ ယူဆနေကြပါတယ်။ 

စစ်တပ်နဲ့ အပစ်ရပ်လိုက်ရတဲ့ ညီနောင်မဟာမိတ်သုံးဖွဲ့ထဲက ကိုးကန့်တပ်(MNDAA)နဲ့ တအာင်းတပ်(TNLA) အတွက် ကြီးမားတဲ့ တရုတ်ဖိအားနဲ့အတူ ညီနောင်မဟာမိတ်နှစ်ဖွဲ့ အပစ်ရပ်လိုက်တာဟာ PDF တွေအတွက် ဘယ်လောက်ထိ ဘေးကျပ်နံကျပ် ဖြစ်စေသလဲဆိုတာကို ဆိုရှယ်ဒီမိုကရက်တစ်ပါတီ(SDP)ရဲ့ အထွေထွေအတွင်းရေးမှူး ကိုကျော်ကိုကိုနဲ့ ဆက်သွယ်မေးမြန်းထားပါတယ်။ 

ဆိုရှယ်ဒီမိုကရက်တစ်ပါတီဟာ ရှမ်းမြောက်မှာ အခြေစိုက်ပြီး TNLA  အပါအဝင် တော်လှန်ရေးအင်အားစုတွေကို နိုင်ငံရေးဆိုင်ရာသင်တန်းတွေ ပို့ချနေသလို လူထုစည်းရုံးရေးနဲ့ စစ်ဘေးဒုက္ခသည်ကူညီရေးလုပ်ငန်းတွေ ဆောင်ရွက်နေပါတယ်။ 

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

မေးမြန်း – ကိုလှိုင်း/ Myanmar Now

Myanmar Now ဆက်လက်ရပ်တည်နိုင်ရေးအတွက် လစဥ်ငွေအနည်းငယ်ဖြင့် https://myanmar-now.org/mm/members/ တွင် ကူညီနိုင်ပါသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button