အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ကယားတွင် တိုက်ပွဲဆက်ဖြစ်၊ ဒီးမော့ဆိုအရပ်သား ၃ ဦး သေဆုံး

ယနေ့(မေ ၂၅) နံနက် ၄ နာရီမှစ၍ ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့တွင် တိုက်ပွဲဖြစ်ရာ အရပ်သား ၃ ဦး သေဆုံးသွားသည်ဟု ကရင်နီပြည်သူ့ကာကွယ်ရေးတပ် (KPDF) မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

စစ်ကောင်စီတပ်များက နေရာ ၃ ခုကို တိုက်ခိုက်ခြင်းဖြစ်သည်ဟု ဆိုသည်။

“သူတို့(စစ်ကောင်စီတပ်) ​တွေက လာပြီးထိုးစစ်ဆင်တာဗျ။ ဒေါငံခါးလည်း ပါတယ်၊ ဒေါတမငယ်ရော ပါတယ်၊ ဆည်မြောင်းဘက်မှာရော။ သူတို့ကနေရာတကာကို ဖိတာပေါ့။ ​ဒေါငံခမှာက ပြည်သူသုံးယောက် ကျသွားတယ်။ ရွာထဲလူတွေပဲ။ အမျိုးသား ၃ ယောက်ကျတာ” သူက ဆက်ပြောသည်။

“ဒေါတမငယ်ဘက်မှာတော့ ကျနော်တို့ KPDF ဘက်က ၅ ယောက်ထိထားတယ်။ ၄ ယောက်က မစိုးရိမ်ရဘူး။ ၁ ယောက်ကတော့ စိုးရိမ်ရတယ်”

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

ဒေါတမငယ်ပစ်ခတ်မှုမှာ နံနက် ၉ နာရီခွဲမှ ငြိမ်သက်ခဲ့သည်ဟု ၎င်းက ပြောသည်။

စစ်ကောင်စီတပ်များသည် ငွေတောင်ရပ်ကွက်အတွင်း အထိုင်ချ တိုက်ခိုက်နေသည်ဟု သိရသည်။ 

တိုက်ပွဲသည် အနီးရှိ ပြည်နယ်မြို့တော် လွိုင်ကော်တွင်လည်း ဆက်လက်ဖြစ်ပွားနေဆဲဖြစ်သည်။ 

စစ်ကောင်စီတပ်များက လွိုင်ကော်မြို့ပေါ်တွင် ယနေ့(မေ ၂၅) နံနက် ၁၀ နာရီခန့်တွင် စတင်ပစ်ခတ်ခဲ့သည်ဟု သိရသည်။

ပြီးခဲ့သည့် ၂ ရက်အတွင်း လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခြင်း၊ အနီးကပ်ပစ်သတ်ခြင်းတို့ကြောင့် လွိုင်ကော်တွင် အရပ်သား ၆ ဦး သေဆုံးသွားသည်။ ထိုဖြစ်ရပ်နှင့် ပတ်သက်ပြီး စစ်ကောင်စီက သတင်းထုတ်ပြန်ခြင်း မရှိသေးပေ။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles