အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ရုပ်သံရုပ်သံသတင်း

မိုးကုတ်မြို့ပြန်ရရေး စစ်တပ်ရဲ့မြေပြင်ထိုးစစ်ကို ဟန့်တားနိုင်ပေမယ့် လေတပ်က နေ့စဉ်ဗုံးကြဲနေ

တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA) သိမ်းပိုက်ထားတဲ့ မန္တလေးတိုင်း၊ မိုးကုတ်မြို့ကို ပြန်လည်ထိန်းချုပ်ဖို့ ကြိုးပမ်းနေတဲ့ စစ်တပ်ရဲ့ ခြေလျင်တပ်တွေဟာ တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ ခုခံမှုကြောင့် ရှေ့ဆက်မတိုးနိုင် ဖြစ်နေပါတယ်။ 

မိုးကုတ်မြို့ကို ဝင်ရောက်နိုင်ဖို့ မြေပြင်စစ်ကြောင်းတွေ ရပ်တန့်နေချိန်မှာ လေတပ်ကတော့ နေ့စဉ်ဗုံးကြဲတိုက်ခိုက်နေတယ်လို့ စစ်ရေးအခြေအနေသိရှိသူ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။ 

မိုးကုတ်မြို့ကို ပြန်ရဖို့ စစ်တပ်က မြေပြင်ကနေ စစ်ကြောင်း နှစ်ခုခွဲပြီး ထိုးစစ်ဆင်နေတာပါ။ ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့ဘက်ကနေ တက်လာတဲ့ စစ်ကြောင်းနဲ့ မန္တလေးတိုင်း၊ သပိတ်ကျင်းဘက်ကနေ တက်လာတဲ့ စစ်ကြောင်းတို့ ဖြစ်ပါတယ်။ 

လက်ရှိမှာတော့ မိုးကုတ်မြို့နဲ့ ၄၅မိုင်အကွာက မန္တလေး-မိုးကုတ် လမ်းဟောင်း ဖော့တောလမ်းဆုံအနီး ရောက်လာတဲ့ စစ်တပ်စစ်ကြောင်းကို တော်လှန်ရေးတပ်တွေက ဟန့်တားထားတာကြောင့် နှစ်ဖက်တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။ 

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

မြတ်ကြီး၊ နေမင်းနီ/ Myanmar Now

Myanmar Now ဆက်လက်ရပ်တည်နိုင်ရေးအတွက် လစဥ်ငွေအနည်းငယ်ဖြင့် https://myanmar-now.org/mm/members/ တွင် ကူညီနိုင်ပါသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button