အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ကောက်ရိုးပုံမီးရှို့သူဟု စွပ်စွဲခံရသူကို မမိ၍ ဖခင်ကို ဖမ်းဆီး

မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်၊ ဖံဖကျေးရွာတွင် အုပ်ချုပ်ရေးမှူးက သူ၏ ကောက်ရိုးပုံကို မီးရှို့သည်ဟု စွပ်စွဲခံထားရသူ အသက် ၂၅နှစ်အရွယ် ကိုဇေယျာခိုင်ကို ဖမ်းဆီးနိုင်ခြင်း မရှိသောကြောင့် ၎င်း၏ဖခင် အသက် ၆၀ အရွယ် ဦးချစ်ကြည်ကို ဓားစာခံအဖြစ် ဖမ်းထားကြောင်း ဒေသခံများက ပြောသည်။

စစ်ကောင်စီက ခန့်အပ်ထားသည့် ရပ်ကျေးဥက္ကဋ္ဌ ဦးစိန်ထွန်း၏ ကောက်ရိုးပုံ မေ ၁၆ ရက် ည ၈နာရီခန့်က မီးလောင်သွားကြောင်း၊ ည ၁၀ နာရီခန့်တွင် ဖခင်ဖြစ်သူကို ဖမ်းခေါ်သွားခြင်းဖြစ်ကြောင်း ကိုဇေယျာခိုင်က ပြောသည်။

“ကျွန်တော့်ကို စိတ်ပူလို့ အဖေက လိုက်ထွက်ရှာတဲ့အခါ သူတို့က ညမထွက်ရအမိန့် ဖီဆန်လို့ဆိုပြီး ဖမ်းသွားတာ။ ပြီးတော့ အမကိုပြောတယ်တဲ့။ နင့်မောင်လေး မပြန်လာမချင်း မလွတ်ဘူးတဲ့”ဟု ကိုဇေယျာခိုင်က ပြောသည်။

ဖမ်းဆီးစဉ်က ညမထွက်ရအမိန့်ချိုးဖောက်၍ဟု အကြောင်းပြသွားသော်လည်း နောက်တစ်ရက်တွင်မူ ကိုဇေယျာခိုင် လာအဖမ်းခံမှသာ လွှတ်ပေးမည်ဟု မိသားစုကို အကြောင်းကြားလာကြောင်း ၎င်းကဆက်ပြောသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

ကိုဇေယျာခိုင်သည် စစ်ကောင်စီ၏ ရပ်ကျေးဥက္ကဋ္ဌ စတင်ခန့်အပ်သည့်နေ့၌ ကျေးရွာလူထုကို ဦးဆောင်ကာ အလိုမရှိကြောင်း ဆန့်ကျင်ဆန္ဒပြခဲ့သူဖြစ်သည်။

သို့သော် ကျပ်သုံးသိန်းခန့်တန်ကြေးရှိ ကောက်ရိုးပုံမီးရှို့သည်ဆိုသော ရပ်ကျေးအုပ်ချုပ်ရေးမှူး၏ စွပ်စွဲချက်ကိုမူ ကိုဇေယျာခိုင်က ငြင်းဆိုသည်။ ထိုအမှုနှင့် မသက်ဆိုင်ကြောင်း ခိုင်လုံသည့်သက်သေများ ရှိသည်ဟုဆိုသော်လည်း ရပ်ကျေး အုပ်ချုပ်ရေးအဖွဲ့အပေါ် ယုံကြည်မှုမရှိ၍ အိမ်ပြန်၍ ရင်ဆိုင်ရန် မဖြစ်နိုင်သေးဟု ကိုဇေယျာခိုင်က ပြောသည်။

ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့က မီးရှို့သူမဟုတ်ကြောင်း လက်မှတ်ထိုးပေးပါက ဖမ်းဆီးမည်မဟုတ်ဟု ကိုဇေယျာခိုင်ကို မိသားစုမှတစ်ဆင့် ကမ်းလှမ်းထားသည်ဟု ဆိုသည်။

“ကျွန်တော်ကတော့ ဘယ်လိုမှ မသွားနိုင်ဘူး။ ဘာလို့ဆို သူတို့စကားက တည်တာမှမဟုတ်တာ၊ နေရာတိုင်းမှာ။ သွားရင် ကျွန်တော့်ကို ဖမ်းမှာပေါ့” ဟု ကိုဇေယျာခိုင်က ပြောသည်။

အဆိုပါကိစ္စများနှင့် ပတ်သက်၍ ဖံဖရွာ၏ ရပ်ကျေးဥက္ကဋ္ဌ ဦးစိန်ထွန်းကို မေးမြန်းရန် ဖုန်းဆက်နေသော်လည်း ဆက်သွယ်၍ မရသေးပေ။ 

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button