တော်လှန်ရေးတပ်တွေ တစ်နှစ်နီးပါးကြာ ထိန်းချုပ်ထားတဲ့ မန္တလေးတိုင်း သပိတ်ကျင်းမြို့ကို စစ်ကောင်စီတပ်က မြေပြင်၊ ဝေဟင်နဲ့ အင်အားအများအပြားသုံးပြီး ပြန်လည်ထိန်းချုပ်လိုက်တယ်လို့ မြေပြင်စစ်ရေးသတင်းရင်းမြစ်တွေနဲ့ ဒေသခံတွေဆီကနေ သိရပါတယ်။
သပိတ်ကျင်းမြို့ပေါ်ကို စစ်တပ်က ပြန်လည်သိမ်းပိုက်လိုက်တာကြောင့် တော်လှန်ရေးတပ်ဖွဲ့တွေ မြို့ပြင်ကို ပြန်လည်ဆုတ်ခွာပေးလိုက်ရတယ်လို့ NUG ကာကွယ်ရေးဌာနရဲ့ ထိပ်တန်းတာဝန်ရှိသူက ဇူလိုင်လ ၂၃ရက်နေ့မှာ Myanmar Now ကို ပြောပါတယ်။
သပိတ်ကျင်းမြို့ပေါ်ကို စစ်တပ်က ပြန်လည်ထိန်းချုပ်လိုက်ပြီး နှစ်ဖက်တိုက်ပွဲတွေတော့ ဆက်လက်ပြင်းထန်နေတယ်လို့ သိရပါတယ်။
အရည်အသွေးကောင်း ပတ္တမြား၊ နီလာ ထွက်ရှိရာ မိုးကုတ်နဲ့ နယ်မြေချင်းထိစပ််နေတဲ့ သပိတ်ကျင်းမြို့နယ်ထဲမှာ အဖိုးတန် ရွှေလုပ်ကွက်တွေ အများအပြားရှိပါတယ်။
တော်လှန်ရေးတပ်တွေ သိမ်းပိုက်ထားတဲ့ ရှမ်း-ကယား(ကရင်နီ)အစပ်က မိုးမြဲမြို့၊ ရှမ်းပြည်နယ်မြေက်ပိုင်း လားရှိုး၊ နောင်ချိုမြို့နဲ့ မန္တလေးတိုင်း သပိတ်ကျင်းမြို့တွေကို စစ်တပ်က ဆက်တိုက်ဆိုသလို ပြန်လည် သိမ်းပိုက်နိုင်ခဲ့တာ ဖြစ်ပါတယ်။
မိုးကုတ်၊ မိုးမိတ်၊ ကျောက်မဲ၊ သီပေါစတဲ့ တော်လှန်ရေးတပ်တွေ ထိန်းချုပ်ထားတဲ့ မြို့တွေကိုလည်း မကြာခင် ပြန်လည်သိမ်းပိုက်မယ်ဆိုပြီး စစ်တပ်အသိုင်းအဝိုင်းက ကြုံးဝါးနေကြပါတယ်။



