အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

မိုးညှင်းမြို့တွင် ဒလန်ဟု ယူဆရသူနှစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံရ

ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ် မော်ဟန်ကျေးရွာနှင့် တောင်းစိမ်းမှော်တို့တွင် စစ်ကောင်စီကို သတင်းပေးနေသည့် ဒလန်ဟု ယူဆရသူနှစ်ဦး ယမန်နေ့ (မေ ၉) ညပိုင်းက သေနတ်ဖြင့် ပစ်သတ်ခံရကြောင်း ဒေသခံများထံမှ သိရသည်။ 

မော်ဟန်ကျေးရွာ၊ ဘူတာစုရပ်ကွက်နေ ဦးတင်ဇောယုဆိုသူနှင့် တောင်စိမ်းမှော်ရှိ အမျိုးသားတစ်ဦး ပစ်သတ်ခံရခြင်းဖြစ်ကာ ၎င်းတို့ကို စစ်ကောင်စီသတင်းပေး ဒလန်များဖြစ်သည်ဟု ဒေသခံအများစုက ပြောဆိုထားသည်။ 

မေ ၉ ၊ ည ၇ နာရီခန့်၌ အရပ်ဝတ်နှင့် လူနှစ်ဦးသည် ဦးတင်ဇောယု၏ နေအိမ်အတွင်း ဝင်ရောက်ကာ သေနတ်ဖြင့် အနီးကပ်ပစ်သတ်သွားခြင်းဖြစ်သည်ဟု အမည်မဖော်လိုသူ ဒေသခံတစ်ဦးက ပြောသည်။

“ပစ်ပြီးတော့ အေးဆေးပဲထွက်သွားတာ။ ဒီအတိုင်းပဲ ထွက်သွားတာ။ ထွက်ပြေးသွားတာတော့မဟုတ်ဘူး။  အေးဆေးပစ်ပြီး ထွက်သွားတာ” ဟု အဆိုပါဒေသခံက Myanmar Now ကို ပြောသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

ဦးတင်ဇောယုသည် ယခင်က ဆယ်အိမ်မှူးလုပ်ခဲ့ဖူးသူဖြစ်ပြီး စစ်ကောင်စီကို သတင်းပေးနေသူဟု ရပ်ကွက်အတွင်းနေထိုင်သူများက စွပ်စွဲထားသည်။

အလားတူ မိုင်အနည်းငယ်ဝေးသည့် ကျောက်စိမ်းထွက်ရှိရာ တောင်းစိမ်းမှော်တွင်လည်း ဒလန်ဟု ယူဆရသူ အမျိုးသားတစ်ဦးပစ်သတ်ခံရသည်ဟု သိရပြီး ပစ်သတ်ခံရသူ၏ အမည်၊ အသက်ကို Myanmar Now က ဆက်လက်စုံစမ်းဆဲဖြစ်သည်။

ပြီးခဲ့သည့် မေ ၇ ကလည်း မြင်းခြံ၊ လယ်သစ်ရွာမှ ဒလန်ဟု စွပ်စွဲခံရသူ၏အိမ်တွင် ဗုံးပေါက်ခဲ့ပြီး ထိုရွာသို့ သွားခဲ့သော စစ်သားများက ဆယ်ကျော်သက်အမျိုးသားတစ်ဦးကို ပစ်သတ်ကာ၊ ၎င်း၏အဘိုးအပါအဝင် ၅ ဦးကို ဖမ်းသွားသည်။ 

ဖေဖော်ဝါရီ ၁ ရက် စစ်ကောင်စီအာဏာသိမ်းပြီးတစ်လအကြာ မတ်လမှစ၍ ကချင်ပြည်နယ် မြို့နယ်တချို့တွင် စစ်ကောင်စီတပ်များနှင့် ကချင်လွတ်လပ်ရေးတပ်မတော်(KIA) တို့အကြား တိုက်ပွဲများပြင်းထန်နေသလို စစ်ကောင်စီအား ဆန့်ကျင်သည့် ဆန္ဒပြပွဲများလည်း ဆက်လက်အားကောင်းနေဆဲဖြစ်သည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button